"Min ကိုကို့ကို မှတ်မိလား "
"ဘယ်က ကိုကိုလဲ
ဘာတွေလာပြောနေတာလဲ
ခင်ဗျားကို ကျွန်တော်မြင်ဖူးတာ
ဟိုတစ်ခေါက်ပွဲမှာ ပထမဦးဆုံးပဲ"" လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကလေ...
ပြောရမယ်ဆို ကင်ထယ်ယောင်းကိုလည်း Min သိပါတယ် မမှတ်မိတာနေမယ်""မသိဘူး ခင်ဗျားတို့နှစ်ယောက်လံုးကို.."
"ကိုယ့်ကိုတော့မှတ်မိသိသင့်ပါတယ်ကွာ"
"အရေးမပါတဲ့အရာတွေခေါင်းထဲမထည့်တတ်လို့မေ့သွားတာဖြစ်မယ်။ "
"အရေးမပါတာ..အဟက်..ဟုတ်ပါပြီ။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ အဲ့အရေးမပါတဲ့သူကပဲ Min ရဲ့ ယောကျာ်းဖြစ်လာမယ်ဆိုရင်ရော?""ဘာ"
"ဒေါသတွေမထွက်ပါနဲ့ ကိုကို့ရဲ့ Min ရယ်။
မျက်နှာသေးသေးလေးက ရဲတွတ်လာတာ
ချစ်စရာပိုကောင်းလာလို့ပါ။""အပိုတွေလျှောက်ပြောမနေနဲ့ အခုလိုတွေလုပ်နေရတဲ့အကြောင်းအရင်းကဘာလဲ ရှင်းအောင်ပြော!"
"ဟုတ်ပြီ ...ရော့! ဒီစာချုပ်မှာလက်မှတ်ထိုးလိုက်"
"ဘာကို..."
ဂျီမင်း မှိုင်းဟေကိုပေးလာတဲ့ စာချုပ်အား ဖွင့်ကြည့်လိုက်တော့ "လက်ထပ်ထိမ်းမြားခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့စာချုပ်အားတွေ့လိုက်ရသည်။ တစ်နည်းအားဖြင့် လက်ထပ်စာချုပ်ပေါ့လေ....။
ရယ်ရတယ်...အောက်တန်းစား..!
" ဒီစာချုပ်မှာ ကျွန်တော်ကလက်မှတ်ထိုးမယ်လို့ ဘာလို့ထင်ရတာလဲ မှိုင်းဟေကို?"
"မထိုးဘူးလို့ထင်နိုင်စရာရော ဘာအကြောင်းရှိလို့လဲ။ အခုဆို မင်းရဲ့ဖောက်ပြန်တတ်တဲ့ယောကျာ်း..အာ...ဘယ်ဟုတ်ပါ့မလဲ...ကိုကိုအမှန်အတိုင်းပြောပြရမလား?...ဘာပဲဖြစ်ဖြစ် ကိုကိုတို့က တစ်ချိန်ကျ အိမ်ထောင်ဖက်တွေဖြစ်လာတော့မှာဆိုတော့ဖံုးကွယ်စရာတွေမလိုဘူးလေ။ အိမ်ထောင်ဖက်ကောင်းဆိုတာ ယုံကြည်မှုတွေရှိရတယ် ဟုတ်တယ်မလား Min... "
" အပိုတွေမပြောပဲ ကျွန်တော့်ကိုရှင်းအောင်ပြောလို့ရမလား"
YOU ARE READING
Relationship💌
Fanfiction"ယုံကြည်မှုပျက်သွားတဲ့အိမ်ထောင်ရေးကရေရှည်တည်တံ့မယ်လို့ထင်လား?"...... Start -15.1.2022