Chapter -12

1.3K 122 18
                                    

Flash black...

ဂျီမင်း အကသင်တန်းထွက်သွားပြီး
မိနစ်အနည်းငယ်အကြာ....။

🎵I wanna live with you...🎶
I wanna stay with you 🎼

"ဟယ်လို..."

"အကိုဂျွန်လား?"

"ဟုတ်ပါတယ် ဘယ်သူပါလဲ?"

"ရိုနာလေ အကိုဂျွန်ကလဲ?"

"အာ...ရိုနာပြော။"

"အကိုဒီ‌ေန့အားလား?"

"အင်းအားပါတယ် ဘာလို့လဲ?"

"အားရင် နေ့လည်
ထမင်းစားချိန်လေး
ရိုနာနဲ့လာတွေ့ပေးလို့ရမလား?"

"ရတာတော့ရပါတယ်..
ဒါပေမယ့် ဘာကိစ္စ..?"

"အာ...ဟိုတစ်ခေါက်တုန်းက
အကိုဂျွန့်ကို သေချာ
ဧည့်မခံလိုက်ရလို့
မှိုင်းက အားနာနေတာ
အခုသူလဲအားတာနဲ့
အကို့ကို ထမင်းဖိတ်ကျွေးချင်လို့တဲ့ ..."

"ဟုတ်ပါပြီ..
ဒါဆိုအကိုဘယ်ကိုလာခဲ့ရမလဲ?"

"S & G Hotel နားက
စားသောက်ဆိုင်ကို
လာခဲ့ပါလား?
အဲ့ဆိုင်ကအရမ်းကောင်းတာ..."

"ဟုတ်ပါပြီ
အဲ့ဆိုဖုန်းချလိုက်တော့မယ်နော်.."

"ဟုတ်"
...
ဖုန်းချပြီးနောက်
ဂျောင်ကု ဂျီမင်းကိုမတွေ့သဖြင့်
လှမ်းခေါ်လိုက်သည်...။

အရင်ကဆို
သူနိုးတဲ့အချိန်သဲငယ်က
သူမျက်နှာသစ်ဖို့
လိုအပ်တာတွေအကုန်ပြင်ဆင်ပြီးသား...
သူရေချိုးဖို့ အဝတ်အစားကအစထုတ်ပြီးသား...

ဒီနေ့တော့ ထူးထူးခြားခြား
အဝတ်အစားထုတ်ထားတာတွေမတွေ့...။

ဧကန္တ‌အစောကြီး
အကသင်တန်းကိုသွားတာတော့
မဟုတ်လောက်ပါဘူးနော်...

"သဲငယ်...သဲငယ်..."

အိမ်တစ်အိမ်လုံးပတ်ရှာသော်‌လဲမတွေ့...။

ဒါဆိုသင်တန်းကိုသွားပြီထင်တယ်...
ဖုန်းဆက်ကြည့်လိုက်ဦးမယ်.....။

တီ တီ...လူကြီးမင်းခေါ်ဆိုသော
ဖုန်းမှာမအားသေးပါသဖြင့်....။

ဖုန်းက
Airplane mode ခံထားတယ်နဲ့တူတယ်..
အကသင်ပေးနေလို့များလား?....
တော်ပါပြီ ထပ် မဆက်တော့ပါဘူး။
ဖုန်းခဏခဏခေါ်နေလို့
အနှောက်အယှက်ဖြစ်နေပါ့ဦးမယ် ...

Relationship💌Where stories live. Discover now