ဇာတ်သိမ်းပိုင်း

2.1K 106 9
                                    

အချစ်ရေ...။
ကိုယ်နဲ့မဆိုင်တဲ့ ကျောပြင်ကို ငေးနေလိုက်တာများ နာနေတဲ့
ရင်ဘတ်ကိုတောင် ငုံ့မကြည့်မိဘူး...။

လင်းညို့ (မကွေး)...//

//......//

"ဘာကိစ္စလဲ ပတ်ခ်ဂျီမင်း ငါနင့်ကိုမတွေ့ချင်ဘူး မုန်းတယ် "

"ငါလည်း ထပ်တူပါပဲ ဒါပေမယ့် နင့်အပြောအဆိုလေး ဆင်ခြင်ပေးရင် ကောင်းမယ်။ ဒီနေ့ဒီအချိန်အထိနင့်ကို ထောင်ထဲမရောက်ပဲ နေနိုင်အောင် လုပ်ပေးခဲ့တာငါမို့လို့လေ...။"

"အဲ့တော့ ငါကကျေးဇူးတင်နေရမှာလား။
မျှော်လင့်မနေနဲ့!"

"ဘယ်သူကမျှော်လင့်နေတယ်လို့ပြောမိလို့လဲ"

"ကျေးဇူးပြုပြီး ပြောစရာစကားမရှိရင်ထွက်သွားပေးပါလား နင့်မျက်နှာကိုမြင်ရင် နေလိုမီးလိုပူလို့။ "

"ရော့ မှိုင်းဟေကို နင့်ကိုပေးခိုင်းလိုက်တာ"

"ဟမ်...မှိုင်းက? "

"အင်း "

ပန်းရောင်အလှအိတ်ကလေးနဲ့သေချာထုပ်ပိုးထားသည့် မည်သည့်အရာမှန်းမသိသည့် ပစ္စည်းတစ်ခုအားထုတ်ပေးလာသည်။

ရိုနာ အလျင်အမြန်ပင် ယူလိုက်မိသည်။
ပြီးနောက်...။

"မှိုင်းက လူတွေ့ခံပြီလား"

ရိုနာ ဂျီမင်အားမေးလိုက်သည်။

မှိုင်းသည် ရဲတွေ ဖမ်းသွားပြီး နှစ်ရက်ခန့်အကြာတွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ ကြံရွယ်နေသည်ကို ထောင်မှူးတွေ့တာကြောင့် သီးသန့်အခန်း‌တွင်ပို့ထားခံထားရသည်မှာ အမိန့်မချခင်အထိပင်။

မနက်ဖြန်အမိန့်ချမည်ဖြစ်သဖြင့် ဒီနေ့မနက်တွင် မှိုင်းဟေကို အားဂျီမင် နှင့်ဂျောင်ကု ထယ်ယောင်းနှင့်အတူသွားတွေ့မိသည်။

နောင်တများရခဲ့သည်ရှိသော် အမိန့်ချလည်း အယူခံဝင်လျှင် ခံဝန်နှင့် လွတ်နိုင်တာကြောင့် သူ(မှိုင်း) စိတ်လေးများ အသိတရားဝင်မလား သိချင်သဖြင့်သာ....။

သို့သော် မှိုင်းဟေကိုသည် မည်သူမှအတွေ့မခံဘဲ ထိုပန်းရောင်အလှအိတ်လေးသာ ထုတ်ပေးပြီး “ဟာရိုနာကိုပေးပေးပါ” ဆိုတဲ့ စကားသာ ပါးလိုက်သည်။

Relationship💌Where stories live. Discover now