Chapter -11

1.2K 128 17
                                    

အချစ်မရှိရင် ဘဝက သေနေတဲ့လူတစ်ယောက်လိုပဲတဲ့.....။

ကိုယ်ကတော့ မောင်မရှိရင်တစ်ကယ်သေမှာ..။

ဒဿနတွေက ဘယ်လောက်မှားမှား.....
မောင်ကတော့ ကိုယ့်အတွက်အမြဲမှန်တယ်လို့ယုံထားတာလေ.....။

ဘာလို့များ....ဘာလို့များကွယ်......။

မောင့်ကို မုန်းပစ်ချင်လိုက်တာ......။

Park Jimin..။

မနက်ပိုင်းအစောကြီး dance training ပေးဖို့အစောကြီးထွက်လာမိတယ်....။

မောင့်ကိုမနက်စာလဲ မပြင်ပေးခဲ့မိဘူး....။
ရေချိုးပြီးရင် ဝတ်ဖို့အဝတ်ဖို့ အဝတ်အစားလဲ မထုတ်ပေးခဲ့မိခဲ့ဘူးရယ်......။

ဟူးးးး

တစ်မနက်လုံး အကသင်ပေးရတာလဲ အဆင်မပြေလိုက်တာ...။
ညနေကျရင်တော့ ဟိုဆော့ဟျောင်းဆီ ခွင့်တိုင်ပြီး အိမ်စောစောပြန်လိုက်တာကောင်းမယ်...။

အင်း...အဲ့လိုပဲလုပ်ရမယ်....။

"မင်ငယ်....."

"အာ....ထယ်ယောင်း..."

"နေမကောင်းဘူးလား?"

"ကောင်းပါတယ် ဘာလို့?"

"ဘာမှမဟုတ်ပါဘူး။
ဒီအတိုင်း မျက်နှာကညိုးနေလို့..."

"အင်း။"

"ဒါရိုက်တာကြီးနဲ့အဆင်မပြေလို့လား?"

"ဟင်?"

"အာ...ဆောရီးနော်...ဝင်ပြီးစွတ်ဖက်သလိုဖြစ်သွားတယ်ထင်တယ်.."

"မဟုတ်တာ...ကျွန်တော်တို့အဆင်ပြေပါတယ်ဒီအတိုင်းမတင်မကျလေးတွေရှိတာကလွဲရင်..."

"အော်....."

"ဒါနဲ့ ထယ်ယောင်းက ဘယ်လိုလုပ်ပြီး?"

"အာ..ဂျောင်ဟိုဆော့လေ...အဲ့ဂေါက်သီးက ဘာတွေအရူးထလဲမသိဘူး။
သူအပြင်သွားစရာရှိလို့ လာခေါ်ပါတဲ့...."

"ဟိုဆော့ဟျောင်းက ခုနကပဲ အပြင်ထွက်သွားတယ်လေ..."

"ဟုတ်တယ်လေ....။"

"ဒါဆို..."

"ကိုယ်ပြောတာက သူ့ကိုလာခေါ်တာမဟုတ်ဘူးလေ..မင်ငယ့်ကိုလာခေါ်တာ...သူက ကော်ဖီဆိုင်မှာစောင့်နေ‌လိမ့်မယ်....နေ့လည်စာစားချိန်လဲ နီးပြီဆိုတော့...."

Relationship💌Where stories live. Discover now