Next morning
"သဲငယ် နိုးလာပြီလား
မောင်မနက်စာပြင်ထားတယ်..
မျက်နှာသစ်ပြီးရင်စားတော့မလား?......""......"
"သဲငယ်..မောင်လေ...."
"ကွာရှင်းမယ်..."
"ကျစ်.! သဲငယ်...မောင်ပြောပြီးပြီလေ....
ဘာလို့ အဲ့လောက်ကွာရှင်းချင်နေရတာလဲ?
မောင်မမှားဘူးလို့! ဖြေရှင်းပေးမယ် အချိန်လေးခဏလောက်တော့ပေးလေကွာ....""ဘယ်ထိလဲ?
ငါကဘယ်အချိန်ထိစောင့်ရဦးမှာလဲ?
ဟိုမိန်းမကလေးမွေးပြီး မင်းကို အဲ့ကလေးက
အဖေလို့ခေါ်တဲ့အထိလား?""ဂျီမင်!"
"အေး ဟုတ်တယ်...ငါနာမည်ဂျီမင်!
ပတ်ခ်ဂျီမင်! မင်းရဲ့ယောကျာ်းလဲမဟုတ်ဘူး
ဘာသဲငယ်မှလဲမဟုတ်ဘူး! လာမခေါ်နဲ့ငါ့ကို!""စိတ်မကောက်ပါနဲ့သဲငယ်ရယ်...မောင်တောင်းပန်ပါတယ်..နော်....! လိမ္မာတယ်မောင့်ကလေးလေးက မျက်နှာသစ်ပြီးပြီမလား? မောင် မနက်စာပြင်ထားတယ်...
လာစားနော်...""နေစမ်းပါဦး? ငါကအခုစိတ်ကောက်နေတယ်လို့များထင်နေတာလား?
နိုး" မဟုတ်ဘူးနော်ဂျွန်ဂျောင်ကု!
ငါမင်းအပေါ်ဘာစိတ်မှမရှိတော့တာ...
အဲ့အတွက်ကြောင့် ငါ့ကိုကွာရှင်းပေးတာပဲလိုချင်တာ...""တော်တော့သဲငယ်...မောင်တို့
အဲ့ကိစ္စနဲ့ညတုန်းကလဲပြောပြီးပြီ
တော်ပြီ...မောင်ထပ်ပြောမယ်..
သဲငယ်ကိုမောင်လုံးဝ မကွာ ရှင်း ပေး ဘူး !""မင်း!!"
"မနက်စာစားဖို့အောက်မှာမောင်စောင့်နေမယ်...ပြွတ်စ်.."
ဂျောင်ကုသည်ဆူထော်နေတဲ့ဂျီမင်ရဲ့နှုတ်ခမ်းလေးအားနမ်းကာ အောက်သို့ဆင်းသွားသည်
မောင်ကတစ်ခဏအတွက်ပဲမြင်တာ...
ရှေ့လျှောက်ဘာတွေဖြစ်မလဲဆိုတာကြိုမတွေးဘူး...
ငါက..ငါကလေ....မောင့်ကိုမချစ်တာမဟုတ်ပါဘူး....။ငါ့ကြောင့်....ငါ့ကြောင့်...မောင်ရွေးချယ်ရခက်နေမှာစိုးလို့ပါ....။
ငါက မောင့်အတွက်အတားအဆီးတစ်ခုဖြစ်နေမှာကိုမလိုချင်ဘူး.....။
YOU ARE READING
Relationship💌
Fanfic"ယုံကြည်မှုပျက်သွားတဲ့အိမ်ထောင်ရေးကရေရှည်တည်တံ့မယ်လို့ထင်လား?"...... Start -15.1.2022