Chapter -23

1K 128 17
                                    

နားထဲမှာ ဘာမှမကြားနိုင်တော့...

မောင်က..မောင်က အဲ့လိုလူမျိုးမှ မဟုတ်တာ‌ေလ။

ဟင့်အင်း မယုံပါဘူး...။

ဒါပေမယ့် တကယ်ဖြစ်နေရင်ရော...

....။

နှစ်ရက်လောက်အခန်းအောင်းပြီးနောက်
ဂျီမင်း စူပါမားကတ် တစ်ခုအား စိတ်ပြေလက်ပျောက် ပစ္စည်းတွေဝယ်ရန်
ထွက်လာမိသည်။

"သဲငယ်"

"ဟင်..."

မထင်မှတ်ပဲ မောင်ကလဲ ဒီကို‌‌လာတယ်တဲ့လား...
တိုက်ဆိုင်နေပြန်ရော့လားကွယ်။

"ဘယ်လာတာလဲ..."

"City mart လာပါတယ်ဆိုနေမှ ဈေးဝယ်မလို့ပေါ့ကွယ်"

"ဟုတ်ပါပြီ။ ဘာတွေဝယ်လာတာလဲ အများကြီးပဲ မောင့်ကိုပေးလေ သဲငယ်..."

"ဒါကိုယ့်ကိစ္စပါဂျောင်ကုရယ်...
ထားပါ ကိုယ်နိုင်ပါတယ်..."

အထုတ်တွေက မနိုင်မနင်းနဲ့ ဂျီမင်းက
‌ဂျောင်ကုအားရှောင်ဖယ်ချင်နေသည့်ပုံပင်...

"သဲငယ်..."

ဂျောင်ကုသည် တိုးညှင်းစွာခေါ်ပြီး ဂျီမင်း၏ လက်အားဆွဲလိုက်လျှင်...

"ဂျောင်ကု..ကိုယ့်ကိုဘယ်လိုထင်နေသလဲ"

"ဘာကိုလဲ သဲငယ်..."

"ကိုယ်တို့တွေက ပြီးသွားခဲ့ပြီနော်..
မင်းရဲ့အခေါ်အဝေါ်တွေ နာမ်စားတွေကိုပြင်ပါ
ကိုယ်မကြိုက်ဘူး"

"...."

"ကိုယ်သွားတော့မယ်ဂျောင်ကု
နောက်ဆို ကိုယ့်ကိုလမ်းမှာတွေ့ရင်တောင် မနှုတ်ဆက်စမ်းနဲ့ကွယ်..."

"...."

ဘာတွေများ မှားယွင်းသွားတာလဲ
ရိုနာ့ရဲ့ အသုဘမှာတွေ့ခဲ့တုန်းကတောင်
အဆင်ပြေနေရဲ့သားနဲ့...။

သဲငယ်နဲ့မောင့်ကြားမှာ ဘာတွေထပ်မှားနေပြန်ပြီလဲ....။

*မောင်ဒီအခြေအနေကြီးကိုမကြိုက်လိုက်တာသဲငယ်ရယ်....*

......

"ဂျီမင်းရယ် မင်းမှာလဲရောက်လာသေးတယ်နော်..."

Relationship💌Where stories live. Discover now