Chapter -27

1K 99 12
                                    

In bedroom...

"ဂျောင်ကု..."

"ဟို...."

"ကျေးဇူးတင်ပါတယ်။ တကယ်လို့ မင်းသာရောက်မလာဘူးဆိုရင် ငါ ဒယ်ဒီနဲ့မာမီတို့ကို ဘယ်လိုပြောရမလဲမသိဘူး။"

"ရပါတယ် "

"ပြီးတော့ ဒီရက်ပိုင်းအတွင်း ခဏလောက်ပဲသည်းခံပေးပါ။ ငါအဆင်သင့်ဖြစ်တဲ့အခါကျရင် မိဘတွေကို ငါကိုယ်တိုင်ဖွင့်ပြောပါ့မယ်။"

"သဲငယ်"

"......"

"အမှန်တော့လေ...
မောင် ကြိုးစားကြည့်ချင်တယ်"

"ဘာကိုလဲ"

"သဲငယ်မောင့်ကိုပြန်လက်ခံလာနိုင်အောင် ပြီးတော့ မောင် သဲငယ်အပေါ်ဘယ်တုန်းကမှမဖောက်ပြန်ခဲ့ဘူးဆိုတာကို သက်သေပြနိုင်အောင်"

"ပျက်ဆီးသွားတဲ့ အပိုင်းအစတွေကို ဘာလို့အချိန်ကုန်ခံနေဦးမှာလဲ ဂျောင်ကုရယ်...။
မင်းရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကုန်ပါတယ်"

"တန်ဖိုးရှိတဲ့အရာတွေအတွက် မောင့်ရဲ့‌တန်ဖိုးရှိတဲ့အချိန်တွေကိုအသုံးချတာက
မောင့်အတွက် ဘာမှဆုံးရှုံးစရာမရှိပါဘူး။"

"....."

"ပြီးတော့ မောင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေက သဲငယ်ရှိမှပြည့်စုံတာလေ..."

"နားတော့ ခရီးပန်းလာတယ်မလား"

"စကားလမ်းကြောင်းလွှဲပြန်ပြီ။"

"မဟုတ်ပါဘူး မင်းပင်ပန်းမယ်ထင်လို့ပါ။"

"ပင်ပန်းတာပေါ့ အခုလို ခံစားချက်တွေကို မျက်ကွယ်ပြုပြီး အပယ်ခံထားရတော့ ပိုပင်ပန်းတာ"

"အဲ့ဒါဆိုလဲ ဘာလို့ကြိုးစားနေသေးလဲ သွား"

"ကြည့်.. စိတ်ဆိုးသွားပြန်ပြီ"

"ဘယ်သူကစိတ်ဆိုးနေလို့လဲ"

"မင်းလေ.."

"ယောကျာ်းတွေများ လေသံကိုက အမျိုးမျိုး
ခုနကျ သဲငယ် အခုကျတော့ မင်း တဲ့.."

"ဟောဗျာ....ပြောတော့ လက်မခံဘူးလေဘာလေးနဲ့ အခုကျ ဘာမဟုတ်တဲ့နာမ်စားလေးတစ်ခုတောင်အဖြစ်သည်းနေပါ့လား!"

Relationship💌Where stories live. Discover now