Next morning...
အိပ်ခန်းထဲကနေ အဝတ်ထုတ်ဆွဲကာထွက်လာတဲ့ဂျီမင်းကို
ဂျောင်ကုမှ စကားစမိသည်...။"သဲငယ်...မောင်..."
"မပြောနဲ့..! ငါကွာရှင်းမယ်မင်းနဲ့..!"
"ဟင့်အင်း..မောင်..
မောင်လက်မခံနိုင်ဘူးသဲငယ်...
မောင့်ကိုမရက်စက်ပါနဲ့...
ပြန်ရိုက်ပါ..
သဲငယ်မကျေနပ်ဘူးဆိုရင်
မောင့်ကိုပြန်ရိုက်ပါ...
ကျေးဇူးပြုပြီး မကွာရှင်းပါနဲ့
မောင်ရူးသွားလိမ့်မယ်....
တောင်းပန်ပါယ်သဲငယ်ရယ်...""ဟင့်အင်း...မင်းအသားကိုထိဖို့
သနတယ်...မုန်းတယ် မင်းကို
ကွာရှင်းမှာ...မင်းနဲ့ကွာရှင်းပြီးရင်
ဘူဆန်က ငါ့မိဘတွေဆီပြန်မယ်...""ဟင့်အင်း...အဲ့လိုမလုပ်ပါနဲ့..
မောင်တောင်းပန်ပါတယ်..
မောင့်ကိုအချိန်ခဏလေးပဲပေးပါ....
အားလုံးကိုအမှန်ဖြစ်အောင်မောင်ပြန်ပြင်ပေးပါ့မယ်...အခွင့်အရေးလေးတစ်ခါလောက်ပေးပါ..."အမှန်ကိုပြင်ပေးမယ်တဲ့လားဂျွန်ဂျောင်ကုရယ်...
ပြင်လို့မရအောင် အမှားတွေက လုပ်ပြီးနေပြီလေ....
ဟိုမိန်းမနဲ့ကလေးတောင်ရပြီးနေပြီကို
ငါ့ကိုဘာအခွင့်အရေးတွေတောင်းနေတာလဲ...အခွင့်အရေးဆိုလဲ ငါပေးပြီးပြီလေ...
မင်းကို ပြီးပြည့်စုံတဲ့သာမန်မိသားစုလေးကိုရဖို့အတွက် ငါအခွင့်အရေးပေးနေတာလေ..
ကျေးဇူးပြုပြီး ငါ့ကိုလွတ်ထားပေးစမ်းပါမောင်ရယ်......။"ဘာအခွင့်အရေးလဲ!!!
အားလုံးကိုပြီးနေပြီ...!!
ဟိုမိန်းမမှာမင်းနဲ့ရတဲ့ကလေးတောင်ရှိနေပြီ
အရူးကောင်ရဲ့!!! ငါကဘာကိုအခွင့်အရေးပေးရမှာလဲ...."စကားအဆုံးတွင်ဂျီမင်းက
သူ့မျက်နှာကိုလက်နဲ့အုပ်ကာ ငိုချလိုက်သည်.ဂျောင်ကုသည်လဲ ကြမ်းပြင်ပေါ်တွင်ဒူးထောက်လျက်....
"တောင်းပန်ပါတယ်...မောင့်ကိုမစွန့်ပစ်ပါနဲ့..
မောင့်မှာသဲငယ်တစ်ယောက်ထဲရှိတာပါ..
ကျေးဇူးပြုပြီး ကွာရှင်းဖို့ကိုပြန်စဉ်းစားပေးပါ....မောင်ဒီလိုဒူးထောက်ပြီးတောင်းပန်ပါ့မယ်...မောင်ရှစ်ခိုးဆိုလဲထိုင်ရှစ်ခိုးပြီးတောင်းပန်ပါ့မယ်...ကွာရှင်းဖို့တော့မပြောပါနဲ့သဲငယ်ရယ်...မောင်မင်းမရှိရင်ရူးသွားလိမ့်မယ်...."
YOU ARE READING
Relationship💌
أدب الهواة"ယုံကြည်မှုပျက်သွားတဲ့အိမ်ထောင်ရေးကရေရှည်တည်တံ့မယ်လို့ထင်လား?"...... Start -15.1.2022