Unicode
"သား လာထိုင်! "
"ဟုတ် ဖေဖေ။ ဖေဖေကျွန်တော့်ကိုပြောစရာရှိတယ်ဆိုတာက "
ဖေဖေကသက်ပြင်းတစ်ချက်ချရင်း
"သားလဲသိမှာပါ ရှယ်ယာတွေကျနေတဲ့ကိစ္စ....ပြီးတော့ Do group ကရှယ်ယာတွေအတော်များများကို လိုက်စုနေတာ "
"သူက ဖေဖေနဲ့အရင်ကတည်းက တွဲဖက်တွေမဟုတ်ဘူးလား...... "
"ဟုတ်တယ်.....ဒါပေမယ့် အခုသူကဖေဖေတို့ကပြိုင်ချင်နေတာ "
ချန်းယောလ် ခနမျှစဥ်းစားပြီး
"ဖေဖေ.... အခုက သားတို့ နဲ့အလုပ်လုပ်တာအဆင်မပြေဘူးဆိုပြီးရှယ်ယာရှင်တွေကခွာလာတယ် ပြီးတော့ ထုတ်ကုန်တွေကိစ္စမှာလဲ တစ်ခုမသင်္ကါစရာရှိေနတယ် "
"ဟုတ်တယ် အရင်တစ်ခေါက်ကလိုပဲ အလုပ်သမားတွေကိုသေချာစစ်ဆေးရမယ်....ပြီးတော့ ဒီလိုပဲရှယ်ယာတွေဆုတ်လျော့နေရင် အဆင်မပြေနိုင်လောက်တော့ဘူး......သားလဲ ကုမ္ပဏီဘက် အာရုံပြန်စိုက်ပါ "
"ဟုတ်ဖေဖေ "
ဖေဖေနဲ့စကားပြောပြီး ချန်းယောလ် အခန်းဆီသို့တက်လာခဲ့လိုက်သည်။ Do group ကအကျင့်ယုတ်နေပြီဆိုတာ သူသိသည်။ သူတစ်ခုခုတော့လုပ်ရမည်။ ချန်းယောလ် ဖုန်းကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
"စကားခနပြောလို့ရမလား ဗျ "
"............"
"ဟုတ်ကဲ့ ကျေးဇူးပါ "
.......
"ဒါဆို မနက်တွေ့ကြမယ်လေ....ကျွန်တော်လာခဲ့မယ် "
"....... "
"ဟုတ်ကဲ့ "
အဆင်ပြေဆုံးဖြစ်မယ့် နည်းကိုရွေးရမှာပဲ။ ဖေဖေကလဲ ချန်းယောလ်ရဲ့ဆုံးဖြတ်ချက်ကိုပဲ ယူမယ့်ပုံပင်။ ဘယ်လိုလုပ်ပါလို့မပြောဘူး။ လုပ်သင့်တာကိုလုပ်ဖို့ ဆုံးဖြတ်ခိုင်းထားသည်။
"ပတ်ချန်းယောလ်ရှီ! "
"အာ ရိုစီ ဘယ်လာတာလဲ "
"ရိုစီဒီနားမှာ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတာ လာတွေ့တာလေ "
"အော် ဟုတ်ကဲ့ "
အခုဆို သူ့အမေနဲ့ကိုယ်နဲ့ဟာ အလုပ်မှာပါတနာတွေမဟုတ်တော့သလို ပြိုင်ဘက်လိုလိုပင်ဖြစ်နေပြီလို့ပင်ပြောရမည်။ သူ့အမေကအမေပေါ့လေ သမီးကသမီးဆိုတော့လဲ မခေါ်နိုင်မပြောနိုင်ရလောက်အောင် ပတ်ချန်းယောလ်က မိန်းမလိုမိန်းမရမှမဟုတ်ပဲ။
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanfictionကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo