Unicode
မနက်ခင်းခပ်စောစောအချိန်တွင် အိမ်နောက်ဘက်ဆီက တကုတ်ကုတ်နှင့် ချက်ပြုတ်သံ၊ အိုးသံခွက်သံတို့ကိုကြားနေရသည်။
"ဒေါ်လေး! အချိုမုန့်တွေထည့်ထားပြီးပြီလား"
"ပြီးပြီသား၊ ဒေါ်လေးဘူးတွေထဲသေချာထည့်ထားပေးပြီးပြီ "
"ဟုတ်ပြီ၊ ခြံထဲကအလုပ်သမားတွေလဲ မနက်စာခေါ်ကျွေးလိုက်ပါအုံး ၊ ကျွန်တော်ခြံထဲမှာပန်းဆင်းခူးလိုက်အုံးမယ် "
"ဟုတ်ပြီ သား၊ ဒေါ်လေးလုပ်ပေးလိုက်မယ်နော် "
အိမ်မှာစိတ်ချရဆုံးသူ အလုပ်သမားခေါင်းဆောင်ဒေါ်လေးအား မှာစရာရှိတာမှာပြီး ခြံထဲသို့ဆင်းခဲ့သည်။
ခြံနောက်ဘက်က ဇီဇဝါတွေက ရနံ့မွှေးထုံသင်းကာ ပွင့်နေကြသည်မှာ လှပစွာပင်။ ဒီနေ့တော့ရာသီဥတုလည်းသာယာသည်။ ငှက်ကလေးတွေလဲ တကြော်ကြော်အော်မြည်လို့။ ရာသီစက်ဝိုင်းကြီးဟာ တဖြည်းဖြည်းနှင့်လှည့်ပတ်လာလိုက်တာ၊ နှစ်စဥ်နှစ်တိုင်းရောက်နေကျနေရာလေးတစ်ခုကိုသွားဖို့ရက်လေးပြန်လှည်လာခဲ့ပြန်ပြီ။ လိုအပ်သလောက်ပန်းတို့ကိုခူးရင်အပေါ်ထပ်သို့ခပ်သွက်သွက်တက်လာခဲ့လိုက်သည်။ အချိန်ကမနက်8နာရီအတော်ကျော်နေပြီလေ။
အိပ်ခန်းရဲ့လိုက်ကာစတွေကိုဆွဲဖွင့်လိုက်တော့ အခန်းတစ်ခုလုံးလင်းထင်သွားသည်။
ကုတင်ပေါ်မှာကွေးနေသူများကတော့ တုတ်တုတ်ပင်မလှုပ်။"အိပ်ပုတ်ကြီးနဲ့ အိပ်ပုတ်လေးတို့ထတော်မူပါတော့၊ မကြာခင်မှာ9နာရီထိုးတော့မှာဖြစ်ပါတယ် "
"ဝါးး အချစ်ကလဲကွာ အိပ်ချင်သေးတာကို "
"ပါးပါး.... အိပ်အိပ် "
"ဟုတ်တယ်နော်....Daddy တို့ဆက်အိပ်ကြမယ်နော် "
ပြောနေတာကဂရုမစိုက်စွာ စောင်ကိုနှစ်ယောက်သားခြုံပြီး ပြန်ကွေးဖို့ကြိုစားနေသည်။
"ကလေးနဲ့တုပြီးအိပ်မနေနဲ့၊ ထတော့ ဒီနေ့ဖေဖေတို့ေမမေတို့ဆီသွားရမယ့်နေ့ "
"အာ.... ဟုတ်သားကိုယ်မေ့နေတာ"
"သတိရရင်လဲ ထတော့ရေမိုးချိုး၊ အဝတ်တွေထုတ်ထားပေးတယ်၊ ပြီးရင်မနက်စာစားဖို့ဆင်းခဲ့၊ ကျွန်တော်မျိုးအကုန်ပြင်ဆင်ပြီးပြီးနော် အဆင်သင့်ပဲ..... "
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanfictionကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo