Part 11

226 46 16
                                    

Unicode

"ရိုစီ ကားဘာဖြစ်လို့လဲဗျ "

"ပတ်ချန်းယောလ်ရှီ!! ရို့လဲမသိပါဘူး ဘာဖြစ်သွားမှန်း....ရုတ်တရက်ကြီးထိုးရပ်သွားတာပဲ "

ကုမ္ပဏီမှ ပြန်အလာလမ်းတွင် ဟိုလှည့်သည်လှည့်နှင့် အလုပ်ရှုတ်နေသော ရိုစီကိုတွေ့လို့ ချန်းယောလ် လှမ်းမေးလိုက်မိသည်။

"ကျွန်တော်လဲကားအကြောင်း သိပ်နားမလည်ဗျ........ရိုစီ ကားပြင်ဆရာခေါ်ထားလားဗျ "

"ရို့ ပြင်ဆရာကိုဖုန်းဆက်ထားပါတယ် ကားလာယူပါလိမ့်မယ်......."

"အော် ဟုတ်ကဲ့ ရိုစီဘယ်သွားစရာရှိသေးလဲဗျ ကျွန်တော်လိုက်ပို့ပေးမယ်လေ "

ကံကမျက်နှာမလွှဲလေတော့လဲ မသိချင်ယောင်ဆောင်သွားလို့လဲ မကောင်းပါဘူးလေ။

"ရပါတယ်ရှင့်.....ချန်းယောလ်ရှီလဲအလုပ်ရှုပ်နေမှာပေါ့။ ကျွန်မ Taxiပဲငှားလိုက်ပါ့မယ် "

"မဟုတ်တာဗျာ....ကျွန်တော်လိုက်ပို့ပေးပါမယ် လာပါ ကားပေါ်တက်ပါ "

"ဟုတ်ကဲ့ ကျေးဇူးပါ "

ချန်းယောလ် တစ်ဖက်မှကားတံခါးကိုဖွင့်ပေးလိုက်ကာ ဝင်ထိုင်စေလိုက်သည်။

ကားလေးကို ခြံကြီးထဲသို့ မောင်းဝင်လိုက်သည်။ ကားပေါ်ကဆင်းသည်နှင့် အိမ်တော်ထိန်းကင်အား မျက်လုံးနှင့်အချက်ပြလိုက်သည်။

"ချန်းယောလ်ရှီ...... လာလေ အိမ်ထဲဝင်ပါအုံး "

"ဟုတ်ကဲ့. "

"အိမ်တော်ထိန်းကင် သောက်စရာတစ်ခုခုလုပ်ပေးပါအုံး "

"နေပါစေ ရိုစီ ကျွန်တော်မသောက်တော့ပါဘူး "

"ရို့ကိုလိုက်ပို့တာကို ကျေးဇူးတင်လို့ပါ......ဖြစ်နိုင်ရင်တစ်ခုခုလိုက်ကျွေးချင်တာပါ ချန်းယော်ကငြင်းနေလို့ "

"အော် အဲ့လိုတော့လဲမဟုတ်ပါဘူးဗျ......အိမ်မှာထမင်းပြန်စားဖို့မေမေက ဒီညနေမှာထားလို့ပါ.....နောက်တစ်ခါပေါ့ဗျာ "

အိမ်တော်ထိန်းလာချပေးတဲ့အအေးခွက်ကို တချိုင့် သောက်လိုက်ပြီး

"ရို့ကဒီမှာနေတာလား......ကျွန်တော်ရို့အိမ်ကိုအခုမှပဲသိတော့တယ် "

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now