Unicode
မင်းကြီးပြန်ထွက်သွားပြီး ကျန်ခဲ့သည့်အခန်းတွင်းမှ လေထုက အရာအားလုံးကိုအေးစက်သွားစေခဲ့သည်။ အတွေးတို့က မငြိမ်သက်သောရေပြင်ပမာ တရိပ်ရိပ်လှုပ်ခတ်နေလေသည်။
လူတစ်ယောက်ရဲ့အသက်ကို မသတ်ကောင်းဘူးဆိုသော်လဲ ကြုံလာရမည့်ဒုက္ခဆင်းရဲက သေဆုံးခြင်းထက်ပိုမိုဆိုးရွားနေမယ်ဆို အဆုံး သတ်ဖို့ ဆုံးဖြတ်သင့်သည်မဟုတ်ဘူးလား။
ဒါဟာမှားယွင်းနေသည့်နည်းလမ်းဆိုရင်တောင် ဖခင်အရင်းကဖခင်လိုမသတ်မှတ်ပဲ ရန်သူတစ်ယောက်လို စိမ်းသက်သည့်အကြည့်မျိုးတွေနဲ့ ကြည့်မှာမျိုး၊ လူတကာအလယ်မှာ တသက်လုံးနှိမ့်ကျပြီး ဆက်ဆံခံနေရမှာမျိုး၊ သူမတူတဲ့ပင်ပန်းဆင်းရဲမှုတွေနဲ့ အသက်ဆက်ရမယ့်ဘဝမျိုးကို မင်းကိုပါးပါးမပေးခဲ့ချင်ဘူး ကလေး!။ ပါးပါးအတ္တကြီးသည်ပဲ ဆိုဆို၊ မင်းနဲ့အချိန်တွေအကြာကြီးအတူရှိနိုင်လိမ့်မယ်ဆိုတာ မသေချာတဲ့ပါးပါးဘဝမှာ မင်းအသက်ဆက်ရှင်လို့မဖြစ်ဘူးကလေး။ ဒါကြောင့်......
ထူးဆန်းတဲ့အတွေးတို့က ခေါင်းထဲသို့တုန်လှုပ်ဖွယ်ထိုးနှက်ဝင်ရောက်လာသည်။ ဒါကိုသိနေသည့် တစ်ဦးတည်းသောသူက ချုပ်နှောင်ခံထားရသည့်အခန်းမှ ဖောက်ထွက်လာခဲ့သည်။
"သခင်လေး!"
ပီကိုအခန်းထဲရောက်လာတော့ အေးစက်နေသောအခန်းထဲကလေထုက ဇီဇဝါပန်းရနံ့တို့ဖြင့် ရောယှက်လျက်။
ဇီဇဝါပန်းပွင့်တို့ဖြင့် ကြီးပြင်းခဲ့သူက နောက်ဆုံးအချိန်အထိ ဇီဇဝါပန်းတို့ဖြင့် အဆုံးသတ်တော့မည်လား။ သခင်လေး၏ မျက်နှာအသွင်ပြင်မှာ ဘာခံစားချက်မျှမရှိတော့သည့်လူတစ်ယောက်ပမာ တည်ငြိမ်နေသော်လဲ တကယ့်တကယ်တမ်းတော့ ထိုအရာနှင့် ဆန့်ကျင်ဘက် တုန်လှုပ်နေသည်ကို ပီကိုမြင်နေရသည်။
"ပီကို! ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ "
"သခင်ဘာတွေးနေလဲ ပီကိုသိတယ်၊ အဲ့လိုမလုပ်ပါနဲ့!"
ပီကိုက အငိုတစ်ပိုင်းနှင့် တောင်းပန်နေသော်လဲ ဂယောင်ဆူးကတော့ တည်ငြိမ်လွန်းလှစွာ စိတ္တဇသမားပမာ အတွေး တစ်ခုထဲကိုပဲတွေးနေသည့်ပုံပေါ်သည်။
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanficကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo