Part 13

206 41 5
                                    

Unicode

"Yeol! ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်အုံး။ အလုပ်
အလုပ်ဆိုပြီးပဲ ဖြစ်မနေနဲ့.....အခုပဲကြည့် သွေးအားတွေနည်းနေပြီ "

"ကျွန်တော်အဆင်ပြေပါတယ်ဗျာ....နည်းနည်းမိုက်ခနဲဖြစ်သွားရုံပါ"

"အဲ့ဒါပဲကြည့်တော့ အကိုဆူဟို! ဒီကောင်ကနားကောက်ဗျ ပြောမရဆိုမရနဲ့"

ဆိုဖာပေါ်လဲနေသော ချန်းယောလ်အား ဂျုံဒယ်မချိတင်ကဲပြောမိသည်။ ပြောရင်ဘာမှမဖြစ်ဘူး မဖြစ်ဘူးနဲ့ လူလဲအရိုးပဲရှိတော့တယ်။ မျက်ကွင်းတွေလဲညို ညိုလာပြီ။ ကြာလာရင်ဒီကောင်လဲတော့မည်။

"အရမ်းလဲစိတ်မပူပါနဲ့ကွာ.....အားလုံးအဆင်ပြေသွားမှာပါ.....မင်းကိုယ်မင်းသာ ဂရုစိုက်ပြီးနေလှည့် ကြားလား!"

"ဟုတ်ကဲ့ပါ အကို"

"ဂျုံဒယ်လဲ ဂရုစိုက်ပေးလိုက်အုံးသူငယ်ချင်းကို....ဂယောင်ဆူးအတွက်လဲစိတ်မပူပါနဲ့။ ဝမ်းသာစရာပြောရရင် ဟိုတလောကတောင် ဂယောက်ဆူးရဲ့ နှလုံးခုန်စက်တွေ ထူးခြားလာသေးတယ် "

"ဗျာ!....... "

"အင်း ဟုတ်တယ် မကြာခင်တော့ အကိုတို့သတင်းကောင်းကြားရမှာပါ.....မင်းကသာဂရုပိုစိုက် တော်ကြာမင်းပြန်လဲသွားမှဖြင့် "

"မလဲပါဘူး အကိုရာ..... "

တကယ်တော့ ဂယောင်ဆူး accident ဖြစ်တာ သုံးနှစ်တင်းတင်းရှိခဲ့ပြီဆိုပေမယ့် ဖြစ်ပြီးပြီချင်းကတည်းက အပြီးသတိလစ်သွားတာမျိုးမဟုတ်။ accident ဖြစ်ပြီး ငါးလလောက် အကြာမှာတစ်ချက်သတိဝင်လာသေးသည်။ ပြီးနောက် တစ်နှစ်ကျော်လောက်မှာ တစ်ကြိမ် သတိဝင်လာသေးသည်။ အဲ့တစ်ချိန် ခေတ္တသတိပြန်လည်လာပြီးနောက်တော့ လုံးဝသတိမလည်လာတော့ချေ။

ဒါကြောင့် ဆူဟိုတို့မှာ မျှော်လင့်ချက် ရောင်ခြည်လေးများ နှင့်သာ မျှော်လင့်နေမိခြင်း။

...........................

"ချန်းယောလ်ရှီ!! "

အနောက်ဘက်ဆီမှခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။

"ရိုစီ ပါလား? "

"တကယ်ပဲ ချန်းယောလ်ကိုး။ ရို့ကဟုတ်မှဟုတ်ပါ့မလားလို့....လူမှားစရာအကြောင်းတော့မရှိပါဘူးလေ "

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now