Part-29

176 28 4
                                    

Unicode

"Hyung! တရားရုံး?"

"အင်း.."

"Hyung ပြောတော့အရေးကြီးအလုပ်ကိစ္စဆို."

"အင်းလေ၊ အရေးကြီးတဲ့လူကဒီမှာတွေ့ရမှာမို့လေ"

လုပ်ငန်းကြီးနှစ်ခုပေါင်းစည်းထားမှုကြောင့် ဂယောင်ဆူးအလုပ်မလုပ်လည်းဖြစ်သော်လည်း သူမနေနိုင်။ သူတတ်နိုင်သလောက်တော့ တတ်နိုင်သည့်ဘက်က ရရင်ရသလို အလုပ်တာဝန်တွေကို ယူပေးတတ်ပါသည်။ ဒါကိုပင် ချန်းယောလ်ကမကြိုက်။ သူအား နားနားနေနေသာ နေစေချင်တာကြောင့် ပေါင်းစည်းထားသည့် လုပ်ငန်းကြီးတစ်ခုလုံးကို သူတစ်ယောက်တည်း နိုင်ပါသည်ဟုဆိုကာ နေ့မနားညမနားလုပ်နေသည်ကိုပင် ဂယောင်ဆူး
ကမကြည့်ရက်တာကြောင့်။ ပြီးတော့ သူနှင့်ကိုယ်က စေ့စပ်ထားသည့်အနေအထားလို့ဆိုရပေမယ့် တရားဝင်လက်ထပ်ထားသည့်သူတွေမဟုတ်လေတော့....

"ဧည့်သည်ကလည်း တွေ့တာများတခြားနေရာမချိန်းပဲတရားရုံးမှာချိန်းရတယ်လို့၊ ပြီးတော့ ဟိုအတွင်းရေးမှူးဆိုတဲ့အကောင်လည်းဘယ်ရောက်နေလဲမသိဘူး "

"ဆွန်မင်းကို အလုပ်ခိုင်းထားတယ်ထင်တယ် ဂယောင်လေးရဲ့ "

"ကျွန်တော့်ကိုလည်း ဘာမှမပြောသွားပါလား...သူဌေးကိုတောင်မလေးမစားနဲ့ လာမှတွေ့အုံးမယ်"

"အမယ်လေး ကိုစိတ်တိုလေးရယ် ခုနောက်ပိုင်း စိတ်တွေချည်းတိုနေတာနော်၊ ကိုယ့်စိတ်ကိုလဲထိန်းပါအုံးကွာ၊ စိတ်ပဲတိုနေရင်ကျန်းမာရေးပါထိခိုက်လာမယ် "

"မသိဘူးဗျာ accident ဖြစ်ပြီးနောက်ပိုင်း ကျွန်တော်လုံးဝစိတ်မကြည်ဘူး Hyung! မြင်မြင်သမျှကန့်လန့်ကြီးဖြစ်နေတယ် "

မျက်နှာကြီးတည်တင်းကာ တတွတ်တွတ်ပြောနေသည့် ကောင်လေးအားကြည့်ရင်း ဆူဟိုပြုံးမိလိုက်သည်။ ဒီနောက်ပိုင်း ပိုပိုပြီးစိတ်ဆတ်လာတာကို သတိထားမိသည်။ အလုပ်ကပူးတွဲလုပ်ကိုင်နေပြီဆိုပေမယ့် ကုမ္ပဏီကျ တစ်နေရာဆီပဲရုံးထိုင်နေရဆဲ​ဖြစ်တာကြောင့် ချန်းယောလ်က ဒီဘက်ရုံးခန်းမှာအမြဲရှိမနေနိုင်တာကြောင့် ရုံးခန်းသို့ CEO Parkလာသည့်အချိန်ထက် CEO Do လာသည့်အချိန်ကို သူ့အလုပ်သမားတွေက ပိုကြောက်နေရသည်လေ။ စိတ်မထင်ရင်မထင်သလို ပစ္စည်းတွေပါ ပေါက်ခွဲပစ်တာမို့။ အတွင်းအသစ်ကလေးပဲ ဂယောင်ဆူးဒါဏ်ကိုအတော်လေးခံနေရသည်။ စိတ်ရှည်ပြီး သည်းခံတတ်သည့်ကလေးမို့ တော်ကာကျသည်။

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now