Unicode
"ကျွန်တော်ပြောတာ အကိုတို့ ဘယ်လိုထင်လဲ"
"ကောင်းပါတယ်....အကိုကဆရာဝန်တစ်ယောက်ဖြစ်ပြီး အဲ့အချက်ကိုမေးထားခဲ့တာပဲ "
"ဒါဆိုဒီည ချွန်ဖူးရက်ကွက်ကိုပြောင်းရအောင် "
"ချွန်ဖူး? "
ရင်းနှီးနေသည့်အမည်နာမကြောင့် အမေးသဘောဆောင်လိုက်သည်။
"ဟုတ်တယ်...အဲ့မှာကဂယောင်ဆူးလေးရဲ့အဖေတွေပိုင်တဲ့ အိမ်ကြီးတစ်လုံးရှိသေးတယ်လေ "
"ခြံနံပါတ် 611များလား? "
"ချန်းယောလ်က ဘယ်လိုသိတာလဲ "
"ကျွန်တော်တစ်ခါရောက်ဖူးတယ်ဗျ.... "
"အော် ပိုအဆင်ပြေတာပေါ့ ဒါဆိုဒီညပဲစီစဥ်ရအောင် "
"ကျွန်တော်တော့မလာတော့ဘူးနော်.. "
"Ok ရပါတယ်ကွာ "
လူနာကဒီအတိုင်းသာ အခန်းထဲမှာလှောင်ပိတ်ထားမယ်ဆို အဆင်မပြေနိုင်တော့ဘူး။ နေရောင်ခြည်လဲ မထိတွေ့ရ။ အပြင်လေ လဲ ထိတွေ့ခွင့်မရတော့ ပြန်ကောင်းလာဖ်ို့ထက် ပိုဆိုးတဲ့အခြေနေကိုသာတွန်းပို့နိုင်သည်။ ဒါကြောင့် အခုလိုပိတ်လှောင်ထားတဲ့နေရာမှာမထားဖို့ အကြံပေးလိုက်ခြင်းသာ။ သူတို့မှာလဲ လူသူသိမခံချင်တာတစ်ခုထဲနဲ့ ကြံရာမရတွေဖြစ်နေပုံပဲ။
ချွန်ဖူးရက်ကွက်က ခြံနံပါတ် 611ကို သွားခဲ့စဥ်က ဒါကြောင့်ထူးခြားနေသည်ကိုး။ အခုမှဆက်စပ်မိတော့သည်။ ထိုအချိန်ကသူ ကျွန်တော်အိမ်အထိလိုက်လာတာပဲဖြစ်ရမည်။သို့ပေမယ့် ထူးဆန်းတာက ကျွန်တော်သူကိုအပြင်မှာတကယ်တွေ့ရကတည်းက သူနဲ့ဆက်သွယ်လို့မရတော့တာပဲ။ ဘာမှလဲမသိရသလို ဘာသဲလွန်စမှလဲမေးမရတော့ပေ။ တကယ်ပဲ နည်းလမ်းတစ်ခုနဲ့ဆက်သွယ်နေရင် နောက်တစ်နည်းကဆက်သွယ်လို့မရတော့တာလား။
"ဒါဆို ဂယောင်ဆူးကမသေသေးဘူးပေါ့ "
"အင်း "
"ဟ ဘယ်တွေများလျှို့ဝှက်ချက်တွေရှိနေတာလဲမသိဘူး "
"မင်းကိုငါယုံလို့ပြောပြတာနော်....ဘယ်သူမှလျှောက်ပြောလို့မဖြစ်ဘူး "
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanficကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo