Unicode
အဟွတ် ဟွတ်
"အဘ အဆင်ပြေရဲ့လား? နေသာရဲ့လားဟင်....အဘကိုကြည့်ရတာဆူးစိတ်မသက်သာလိုက်တာ....."
"မြေး အဘသွားရတော့မယ့်အချိန်ရောက်ပြီလေကွယ် "
"အဘကလဲ ဘာတွေပြောနေတာလဲ "
"ဒါကိုမြေးလဲ သိပြီးသားပါ၊ လွန်ဆန်လို့မရဘူးလေ ဆူးလေးရယ် အဟွတ်! "
ဆူးသိပါတယ်။ ထူးခြားတာတစ်ခုက ဆူးတို့မျိုးနယ်က သူများလုပ်ကြံတာကလွဲလို့ နေမကောင်း၊ မကျန်းမာတာမျိုးမရှိလှဘူး။ နေမကောင်းဖြစ်ပြီးဆိုတာနဲ့ သေဖို့လမ်းတစ်လမ်းထဲပါပဲ။ ကုသစရာ သမားတော်မရှိသလို၊ ကုသလိုလဲမရပေ။ ဒါတွေကိုသိနေပေမယ့် ဆူးလက်မခံချင်ဘူး ဖြစ်နေသည်။ဆူးမှာ အားထားစရာဆိုလို့ အဘတစ်ယောက်ပဲရှိတော့သည်မဟုတ်ပါလား။
"မြေး.....ဘဘစိတ်ချချင်လိုက်တာကွယ် အွတ်... အဟွတ် ပြီးတော့...ပီကိုလေးကိုလဲခေါ်သွားပါ "
"အဘ စကားမပြောပါနဲ့တော့....ဆူး! ဆူးမှားသွားပြီလားဟင်! ....ဆူးမှားပြီထင်တယ် "
အဘကိုပစ်ထားခဲ့မိပြီလား။ ဆူးရသ်ဲတစ်မျိုးတမည်ခံစားလာရသည်။
"ကိုယ်ရွေးချယ်..တဲ့လမ်း.... ကိုယ်ပဲ....လျှောက်ရမှာပေါ့....မြေးရယ်၊ မှားတယ်လို့မသတ်မှတ်ပါနဲ့၊ အဘကိုပစ်သွားလို့ မြေးမမှားဘူး.....အခုဆိုအဘက ဆူးလေးကိုလူတွေအလယ်မှာပစ်ထားခဲ့ရတော့မယ်.... "
"ဟင့် အဘ ဆူးတောင်းပန်ပါတယ် "
"အဘတို့လိုလူတွေက လူသားစစ်စစ်တွေနဲ့အတူမရှင်သန်နိုင်ဘူး ဆူးလေး၊ ယုံကြည်မှုတွေ.....ကြီးမားမှသာရှေ့ဆက်နိုင်မှာ"
အဟင့် အင့်
"အခက်အခဲတွေ အများကြီး ကြုံရမယ်၊ အတားအဆီးတွေ...များစွာကို ကျော်ဖြတ်ရလိမ့်မယ်၊ဒါတွေအားလုံးကို မကျော်ဖြတ်နိုင်ရင်.....ကိုယ့်စိတ်ကိုယ်မထိန်းချုပ်နိုင်ရင် ဒုက္ခအကြီးကြီး.....ရောက်တတ်တယ် "
အဟွတ်.....
"အေး အဘနောက်ဆုံးမှာချင်တာကလေ.....ငါ့မြေးလေး.....စိတ်တို့ကိုထိန်းချုပ်နိုင်ပါစေ၊ လက်လွတ်စပယ် ဘယ်အရာကိုမှမဆုံးဖြတ်မိပါစေနဲ့၊ ကံကောင်းပါစေနော် ကလေးရယ်......မငိုပါနဲ့တော့နော် "
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanficကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo