Unicode
မိုးစက်တို့ တဖြောက်ဖြောက်ကျနေသည့် အသံနှင့် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်က အေးစက်စက်။ တစ်ချက်တစ်ချက်တိုက်ခက်လာသည့် မိုးလေအေးက ကျောထဲထိချမ်းစိမ့်နေသည်။ မိုးရေစက်တွေ လာလာစင်နေသည့် ပြူတင်းပေါက်အနား ခပ်လျော့လျော့မှီရပ်ကာ အတွေးတို့ကဟိုတစ်စဒီတစ်စ။
တစ်ဖက်သို့ လှည့်ကြည့် လေတော့ အိပ်ယာပေါ်နှစ်ခြိုက်စွာ အိပ်စက်နေသည့် ချစ်ရသူ။ သူအနားသို့ တဖြည်းဖြည်းလျှောက်သွားလိုက်ကာ လွတ်နေသည့်အိပ်ယာဖျားမှာတင်ပလွဲထိုင်ရင်း ငေးကြည့်နေမိသည်။ နဖူးပြင်ပြေပြေတို့အား လက်ချောင်းများဖြင့် ထိတွေ့နေမိသည်က မြတ်နိုးစရာတစ်ခုကဲ့သို့။
အနည်းငယ်လှုပ်ခတ်လာသည့် မျက်ခွံတို့နှင့်အတူ မျက်လုံးများပွင့်လာသူက သူအား မျက်မှောင်ကြုံ့ကာ ကြည့်လာသည်။
"ဆူး!!"
ခပ်ရေးရေးလေး ပြုံးလာသော ဆူးရဲ့အပြုံးဟာ မြင်ရသူအဖို့ အလွန်ပင်အေးချမ်းစေသည်။
"ဆူး မအိပ်ဘူး လား? ဘာလို့ထပြီးထိုင်နေရတာလဲ? အိပ်မပျော်ပြန်ဘူးလား? ဟင်! "
ကုတင်ခေါင်းရင်းကိုကျောမှီထိုင်ကာ ဆူး လက်လေးကိုဆုပ်ကိုင်ပြီး သူမေးလိုက်မိသည်။
"မဟုတ်ပါဘူး ဟိုမှာကြည့်လေ "
ဆူးက ပြတင်းပေါက်ဘက် လက်ညိုးကလေးထိုးပြကာ
"အပြင်မှာမိုးတွေရွာနေတယ်လေ အဲ့ဒါကြောင့် တံခါးတွေထပိတ်ရင်း ယောလ်
အိပ်နေတာလေးကို ထိုင်ကြည့်မိသွားတာပါ "သူမျက်မှောင်လေးကြုတ်ကာ ကြည့်လိုက်တော့ ဆူးက သွားလေးတွေပေါ်အောင်ရယ်ပြလာသည်။
"ဆူး တကယ်ပြောတာပါ "
"ဟုတ်ပါတယ် ကိုယ်ကရောဆူးကိုဘာမှမပြောရသေးပါဘူး "
"မသိဘူးလေ ယောလ်ကဆူးကိုကြည့်နေတာ ဘယ်လိုကြီးမှန်းမှမသိတာ "
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် နှုတ်ခမ်းလေးစူကာ ပြောနေသည့်ဆူးမှာ ကိုက်စားပစ်ချင်စရာကောင်းလောက်အောင်ကို ချစ်ဖို့ကောင်းလွန်းသည်။
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanfictionကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo