Unicode
ကိုရီးယား ရိုးရာအကများနှင့်အတူ ဗြောသံ၊ ဗုံသံများနှင့် ဖျော်ဖြေရေးကစည်ကားနေသော်လဲ
ထိုနေရာတွင် စိတ်ရှိမနေသူတစ်ယောက်ကတော့ မင်းကြီးပတ်ကိုယ်တိုင်ပင်။မင်္ဂလာပွဲဟာ သိပ်ကိုများကြာနေသလား ဟုပင်ထင်ရသည်။ ကပ်လျက်ထိုင်နေသောအမျိုးသမီးမှာတော့ အပြုံးပန်းတွေဝေဆာလို့ရယ်။ထုံးတမ်းအစဉ်အလာအတိုင်း မင်္ဂလာအစီစဉ်ကို ကျင်းပပြီးနောက်မှာတော့ သတို့သမီးကို အထူးတလည်ဂရုမစိုက်ပဲ သူ့အဆောင်တော်သို့ အလောတကြီးခရီးတော်နှင်သော မင်းကြီးပတ်အား မယ်မယ်ပတ်တစ်ယောက်
အတော်ဒေါသထွက်လာရသည်။ပတ်ချန်းယောလ်တို့ ငါ့ကိုသိက္ခာချနေတာပဲ!
အဆောင်တော်ရှေ့ရောက်သည်နှင့် အဆောင်တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် မင်းကြီးပတ်က အခန်းထဲသို့ အလျှင်အမြန်ဝင်သွားလေသည်။
အခန်းရဲ့ စာဖတ်ခုံမှာ စာဖတ်နေသည့် ကောင်လေးရဲ့မျက်လုံးစူးစူးက သူ့ထံကျရောက်လာသည်။ သူ့ကိုမြင်သည်နှင့် မျက်လုံးလေးများကအရောင်တောက်စွာ နှုတ်ခမ်းဖူးဖူးကလဲ ပြုံး ယောင်သန်းလာသည်။
မင်းကြီးပတ်က သူ့ရှေ့လျှောက်သွားကာ ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
"သခင်!"
"ခေါ်ပြန်ပြီ အဲ့လို...."
"ဆူးမှ တခြားလိုမခေါ်တတ်တာ"
"မခေါ်တတ်လို့မရဘူး....ခေါ်ကြည့်!"
"ဟို......."
ရင်ခွင်ထဲမှ အကောင်ပေါက်ကို ပုခုံးနှစ်ဖက်မှဆွဲကိုင်ကာ ရင်ခွင်ထဲမှထုတ်လိုက်သည်။
မျက်လုံးတွေကို ဘယ်ညာကစားကာ မျက်တောင်များကလဲ ပုတ်ခတ်ခတ်လုပ်နေသေးသည်။
ဒီကောင်လေးက ကြာလေ ချစ်စရာကောင်းလာလေသလား
"ခေါ်လေ!"
မင်းကြီးပတ် စိတ်တိုသလို ခပ်ဆတ်ဆတ်လေ ေပြာလိုက်တော့ ကိုယ်လေးတစ်ချက်တွန့်သွားသည်။
"ဟို...ဟို ယ ယောလ်!"
"အင်းလေ ဒါလေးခေါ်တာ ဘာများခက်နေလို့လဲ"
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanfictionကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo