Unicode
မနက် 10နာရီကျော်ကတည်းက ကိစ္စရှိလို့ဆိုပြီးထွက်သွားတာ အခုည8နာရီထိုးတော့မည် အရိပ်အယောင်ပင်မတွေ့ရသေး။ ဘယ်သွားမည် ဘယ်လာမည်လည်း ပြောမသွား။ ဖုန်းဆက်ကြည့်တော့လဲ စက်ပိတ်ထားပါသည်သာပြောနေသည်။ အကိုဆူဟိုကိုဖုန်းဆက်ကြည့်တော့ ချွန်ဖူးဘက်ခနသွားမည်လို့ပြောသွားသည်တဲ့။ သူလည်းဖုန်းဆက်လို့မရဘူးဟုဆိုသည်။ ခက်တော့ခက်ချေပြီ သူအတော်စိတ်ပူနေပြီ။
ဒီကြားထဲလူကလည်းဒီညမှ တစ်မျိုးတမည်ရင်ထဲမကောင်းအတော်ဖြစ်နေသည်။ ရင်ဘတ်ကလည်းအောင့်သက်သက်နှင့် ထိုးနေသည်ကိုတောင် ကောင်းကောင်းဂရုမစိုက်နိုင်။
"သား! ဆေးသောက်ဖို့ နွားနို့လေးနဲ့ ဆေးမေမေယူခဲ့တယ်"
"ဟုတ် မေမေ!"
မေမေလာပေးသည့် နွားနို့နဲ့ဆေးကိုသောက်လိုက်သည်။
"ဖြေးဖြေးသောက်ပါသားရယ်! ပူနေပါ့မယ်"
"ကုန်ပြီ မေမေ!"
"နေလို့ရောကောင်းရဲ့လား?"
"ရင်ဘက်ထဲကနည်းနည်းအောင့်နေသလိုပဲ "
"ဟင်! ဟုတ်လား? မေမေဆူဟို့ကိုခေါ်လိုက်ရမလား?"
"နေ နေပါစေမေမေ! ဆေးသောက်ထားပြီးပြီပဲ ကောင်းသွားမှာပါ "
"တကယ်ဖြစ်ရဲ့လား?"
စိတ်ပူနေသည့်မေမေ့ကို သူခေါင်းငြိမ့်ပြုံးပြလိုက်သည်။
"မေမေ! သားဖုန်း....."
"ဖုန်းဆက်ကြည့်အုံးမလို့လား? ဆက်လို့လည်းရတာမဟုတ်ပဲနဲ့ "
"သား စိတ်ပူလို့ပါ မေမေရယ်၊ တော်ကြာ တစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ?"
"ကိုယ့်အတွက် ကိုယ်စိတ်ပူပါအုံး သားရယ်!
ဘာမှမဖြစ်လောက်ပါဘူး "ပြောရင်းဆိုရင်းနှင့် အခန်းထဲဖေဖေက ဖုန်းကိုင်ပြီးဝင်လာသည်။
"ချန်းယောလ်! ဆူဟိုဖုန်းခေါ်တယ် "
"ဟယ်လို အကို!"
ချန်းယောလ်ချက်ချင်းဖုန်းယူကိုင်လိုက်သည်။
"ချန်းယောလ်! ဂယောင်လေးဆီကအဆက်အသွယ်ရပြီ၊ လမ်းမှာကားပျက်နေလို့ အကိုအခုပဲသွားခေါ်နေတယ် "
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanfictionကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo