Part-22

179 44 17
                                    

Unicode

ဒူ..... ဒူ.... ဒူ

"ဤနန်းတော်တွင် အမှုထမ်းခဲ့ဖူးသူ ကျေးကျွန်အား နန်းတော်တွင်း ခိုးဝင်မှုအပြင် ဘုရင့်၏ကြင်ယာတော်အား ချစ်ကြိုက်မှုတို့ကြောင့်  ယနေ့မှာ ဘုရင့်အမိန့်တော်အတိုင်း ကြိုးပေးကွပ်မျက်သည် "

မောင်းသံ တဒူဒူနှင့် ကွပ်မျက်ခံရသူ၏အကြည့်တို့က မင်းကြီးဘေးမှ မိဖုရားယူဆီတွင်သာ။ မချစ်မနှစ်သက်သင့်သူကို ချစ်မိတာကြောင့် မှားခဲ့ရသည့်အမှားဟာ ကျေးဇူးရှင်ကို ပြစ်မှားမိခြင်းကြောင့် အသက်ကိုပင်စွန့်လွှတ်ရတော့မည်။

'မင်းဟာ ငါ့ကိုကောင်းကောင်းအသုံးချခဲ့နိုင်ပါတယ် မိဖုရားယူ! ကံကောင်းပါစေ '

အမှန်တကယ် သူ၏စကားတို့ကိုတော့ မည်သူမှမကြားခဲ့ကြချေ။
မင်းကြီးဟာ ကွပ်မျက်သူအား ဆက်မကြည့်တော့ပဲ လှည့်ထွက်သွားလေသည်။

သေတဲ့သူကသေသွားရသည်မို့ အပူတွေငြိမ်းသွားလောက်ပေမယ့် ရှင်နေလျက်နဲ့ သေနေရသည့်သူကတော့ ပို၍ပို၍ဆက်ကာ နာကျင်ရသည်ကော။

' ဒိုဂယောင်ဆူး ကြင်ယာတော်ရာထူးမှဖြုတ်ချလိုက်သည်။ ကိုယ်ဝန်အား သက်ညှာသော အားဖြင့် မီးဖွားပြီးသည်အထိ ခုနစ်ဆောင်မြိုင်နန်းဆောင်၌ အကျယ်ချုပ်ဖမ်းဆီးပိတ်လှောင်ထားမည်ဖြစ်ပြီး၊ မီးဖွားပြီးသည်နှင့် ပြည်နှင်ဒါဏ် ကွပ်မျက်မည်ဖြစ်ကြောင့် အရှင်မင်းကြီးမှ မိန့်ကြားလိုက်သည်'

ရက်စက်လွန်းသည်လို့လဲ မပြောချင်သလို၊ လုပ်ရက်လွန်းလှသည်ဟုလဲ အပြစ်မဆိုချင်တော့ပေ။ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်ဖို့ အကြောင်းကံပါလားသည်လို့သာ ဂယောင်ဆူးတွေးနေမိတော့သည်။

"သားတော်လေးကို ပါးပါးကောင်းမွန်အောင်ဂရုစိုက်နိုင်ပါ့မလားကွယ် "

"ပါးပါး ကတိမပေးနိုင်တာ ခွင့်လွှတ်ပါ၊ မင်းဟာဘုရင့်သွေးသားဖြစ်နေပါလျက်နဲ့ ပြည်နှင်ဒါဏ်ပေးခံရမှာ ပါးပါးမကြည့်ရက်ဘူး "

"ပါးပါး အပြစ်တွေပါ၊ တောင်းပန်ပါတယ် ကလေးရယ်! ပါးပါး တောင်းပန်ပါတယ် "

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now