Part- 27

187 28 8
                                    

Unicode

လရောင်အနည်းငယ်က ဝရံတာပေါ်သို့ ဖြန့်ကျက်ကျနေသည်။ လဆန်းရက်ဖြစ်တာကြောင့် ထိန်ထိန်သာနေသည်မျိုးတော့မဟုတ်လှပေ။ ဝရံတာမှမီးရောင်ကလည်း ခပ်မှိန်မှိန်မို့ သူအတွေးတွေဟိုရောက်သည်ရောက်နှင့် နယ်ချဲ့နေမိသည်။
အနောက်ဘက်ဆီက ခပ်ဖွဖွလျှောက်လာသည့်ခြေသံမျိုးသတိထားမိလိုက်တာကြောင့်မျှော်လင့်နေသူဆိုသည့်စိတ်အထင်နှင့် ပြန်လှည့်အကြည့်

အစ်

လည်ပင်းကိုတင်းတင်းကြပ်ကြပ်ညစ်ခံလိုက်ရတာကြောင့် အသက်ရှုရန်ခက်ခဲသွားသည့်အပြင် ဝရံတာအဖျားသို့ပါ ဆောင့်တွန်း‌နေသည်ကိုခံစားလိုက်ရသည်။

"ဘယ်..သူ လဲ?"

.....

"ဘယ်... သူ..…."

နေပြန်ကောင်းလာသည်မှာသိပ်မကြာသေးသည့်အချိန်မို့ ခန္ဓာကိုယ်ရဲ့အားက ကောင်းကောင်းအလုပ်မလုပ်နိုင်သေးပါ။
ဒါအပြင် အလစ်နှင့် ဝင်တိုက်ခံလိုက်ရတာကြောင့်လဲ ပါသည်။ အားနည်းနေသည့်သူ့ကိုတောင် နိုင်အောင်မတွန်းနိုင်သည့်အားနဲ့သူကမည်သူများ​ ​ဖြစ်မည်နည်း။ ဝရံတာနောက်ဘက်သို့ လှန်ကျမသွားစေရန်တောင့်ထားပြီး မျက်နှာမှောင်ရိပ်ကွယ်နေသည့် ဝတ်စုံအနက်နှင့်လူဟာ သူမျက်လုံးအဝိုင်းသားဖြင့်ကြည့်လိုက်သော် ထိုသူကအနည်းငယ်ထိတ်လန့်ဟန်နှင့်နောက်သို့ ေခြလှမ်းတို့ဆုတ်သွားသည်။ ခနလေး ဖျက်ခနဲအချိန်တွင်းထိုလူကထွက်ပြေးသွားလေသည်။ ထိုအခါမှ သူဖင်ထိုင်ချလိုက်မိတော့သည်။

"ယောလ်!!'

"ဘယ်လို​....ဘာဖြစ်လို့လဲ?"

ဝရံတာတွင် ခြေပစ်လက်ပစ်ထိုင်ချနေသောချန်းယောလ်အား သူတွေ့လိုက်တာကြောင့်အနားသို့အပြေးလေး သွားမိသည်။

"လူ လူဝင်လာတယ် "

"လူ? ဘယ်ကလူလဲ?"

"သူစိမ်းဝင်လာတယ် အခန်းထဲကို "

"ယောလ်ဘာဖြစ်သွားသေးလဲ? တစ်ခုခုလုပ်သွားသေးလား?ဓားတွေဘာတွေနဲ့လား အခုဘယ်ရောက်သွားပြီလဲ?"

ချန်းယောလ်ကခေါင်းခါပြလာသည်။ တကယ်ဆို သူဒီနေ့အလုပ်ကိစ္စကြောင့်အိမ်အပြန်နောက်ကျနေခြင်းဖြစ်၏။ ချန်းယောလ်အိမ်သို့ရောက်နေသည်ကိုလည်းသူမသိခဲ့။
အိမ်မှာလဲ ခြံအစောင့်တွေ သုံးယောက်ထက်မနည်းထားတာဖြစ်သည်။ ဒါကိုဘယ်ကဘယ်လို လူစိမ်းကဝင်နိုင်သည်တဲ့လဲ။

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now