Part-31

165 25 8
                                    

Unicode

အိမ်ရှေ့ဆင်ဝင်တွင် ကားတစ်စီးက ဝရုန်းသုန်းကားထိုးရပ်လာသည်။ ထို့နောက် အိမ်ရဲ့အပေါ်ထပ်သို့ လှေကားမှအလောတကြီးပြေးတက်လာသည့်ခြေသံကိုလည်း ကြားရလိမ့်မည်။ ယခုအချိန်မှာသူတစ်ခုတည်းကိုသာ စိတ်ထဲမှာသိတော့သည်မို့။ ရောက်လိုသောနေရာသို့ ရောက်သည့်နှင့် အခန်းတံခါးအားချက်ချင်းတွန်းဖွင့်လိုက်မိသည်။

"ဆူးး!.... အချစ်ကွာ ကိုယ်ဒီလောက်ဂရုစိုက်ဖို့ပြောထားလျက်နဲ့ကို"

"ဆူးး! ဘာမှမဖြစ်ပါဘူး "

"ဘာကိုဘာမှမဖြစ်ရမှာလဲ ဘယ်နားတွေထိသွားသေးလဲ ကိုယ့်ကိုပြော "

ပြောပြောဆိုဆ်ိုနှင့် ခန္တာကိုယ်အနှံ့လိုက်လှည့်ကြည့်နေလေသည်။ ပုံစံကြည့်ရတာ အ​လုပ်ကနေ တန်း၍ပြေးလာသည့်ပုံပင်။ ရှပ်အ​ဖြူလက်ရှည်နှင့် အပေါ်ကုတ်ကတော့ မပါ။

"နည်းနည်းတောင် စိတ်ချလို့မရဘူးကွာ!  တစ်ခုခုလိုအပ်ရင် အောက်ကတစ်ယောက်ယောက်ကိုခေါ်ပြီးခိုင်းပါလို့ပြောထားတာကို "

တတွတ်တွတ်နှင့် အက်ကြောင်းထပ်နေသည့် သူ့စကားများကြောင့် ဘေးမှဦးလေးကင်နှင့် ဆရာဝန်မှာလဲ ခေါင်းတစ်ခါခါနှင့် ပြုံးကာ အခန်းပြင်သို့ ထွက်သွားပြီဖြစ်သည်။

"ယောလ်....ဆူးပြောတာလေးလဲခဏဖြစ်ဖြစ်နားထောင်ပါအုံး "

"အချစ်ကပြောလဲ ဆင်ခြေပဲပေးမှာလေ "

"မပေးပါဘူး၊ ယောလ်လုပ်တာနဲ့ ဆရာဝန်နဲ့ ဦးလေးကင်တောင် နားမခံနိုင်တော့ဘူး "

ထိုသို့ဆိုကာမှ လေပူတစ်ချက်မှုတ်ထုတ်ကာ စိတ်အနည်းငယ်လျော့သည်။

"ဆူး လမ်းပြန်လျှောက်လို့ရနေပြီဗျ "

"ဟမ်! ဘယ်လို...."

"ဟုတ်တယ် ဒီနေ့မနက်ထတော့ တစ်ခုခုထူးခြားနေသလိုရှိနေတာနဲ့ ကိုယ့်ဘာကိုမတ်တပ်ရပ်ကြည့်တာ တကယ်အံ့သြသွားရတာ "

"ဟုတ်လား? "

"အဲ့ဒါလျှောက်ကြည့်နေရင်း ရေချိုးခန်းဘက်သွားတာ ကြမ်းပြင်ကရေနဲ့ ချော်နေတာသတိမထားလိုက်မိပဲ လျှော်လဲသွားတာပါ၊ ဆရာဝန်ကတော့ အများကြီးတော့ အားမစိုက်နဲ့အုံးတဲ့ အခုမှအစဆိုတော့ ဒါဏ်ပြန်ဖြစ်မှာစိုးလို့တဲ့ "

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now