Unicode
ကိုယ့်ရှေ့မှာမြင်နေရသည့် မျက်နှာနုနုက စိတ်ကူးထဲမှာပုံပေါ်ထားသည့်ပုံစံနှင့်တပ်တပ်စင်အောင် လွဲနေခဲ့သည်ကော။
အိပ်မက်ထဲမှ အပြုံးချိုချိုနှင့် ကောင်ငယ်လေးက ယခုမှာတော့ အပြုံးအရယ်ပင်မရှိ ပကတိတည်ငြိမ်လွန်းလှပေသည်။ ရှယ်ယာရှင်တွေနှင့် စကားပြောနေသည်မှာ အသက်21နှစ်အရွယ်ကောင်လေးမှဟုတ်ပါလေစ။ အသံတို့ကအစ ပြတ်သားပီသလျက်။"ချန်းယောလ်! ချန်းယောလ်!!"
ဘယ်လောက်အထိ သူ့ကိူကြည့်မိနေသည်လဲမသိ အခန်းထဲတွင် သူရယ် ကျွန်တော်ရယ် အကိုဆူဟိုရယ်သာ ရှိတော့သည်ကိုအခုမှသတိထားမိသည်။
"ဗျ ဗျာ....."
" အံ့သြနေမှာပေါ့"
အကိုဆူဟိုက ကျွန်တော့်ပုံစံကိုကြည့်ပြီး မေးလာသည်။
"ဟို....ဘယ်အချိန်ကတည်းကလဲ ?"
"နှစ်ပတ်ကျော်ပြီ"
"ဘာလို့ ကျွန်တော့်ကို ကြိုမပြောခဲ့တာလဲ?"
အကို ဆူဟိုက မလှုပ်မယက်ထိုင်နေသည့် သူ့အားတစ်ချက်ဆွေကြည့်လိုက်သည်။
"ဂယောင်လေးက ဘယ်သူ့ကိုမှပေးမသိနဲ့ဆိုလို့ပါ...."
"အော် ဟုတ်ကဲ့ "
ချန်းယောလ် ဘာမှဆက်ပြောရန်မကြိုးစားတော့ပေ။ အခုချိန်မှာ ကိုယ်ကအတိတ်ကိုပြန်အမှတ်ရနေသည့်သူဆိုပေမယ့် သူ့အတွက်က မေ့ပျောက်သွားသည့်အတိတ် သို့မဟုတ် မေ့ပျောက်စေလိုသည့်အတိတ်မျိုး ဖြစ်ချင်ဖြစ်နေနိုင်တာမို့။
"ဒီနေ့ ကျွန်တော့်ကိုလာရောက်ကူညီပေးခဲ့တဲ့ ဂယောင်ဆူးကို ကျေးဇူးတင်ပါတယ်၊ ရှယ်ယာကိစ္စတွေကို ကျွန်တော်တို့နောက်မှဆက်ပြောကြမလား?"
"မလိုပါဘူး ယောလ်ရယ်.....ဒီအစီစဥ်ကလဲ အကိုတို့အတူလုပ်ဆောင်ခဲ့ကြတာပဲလေ၊ ဂယောင်လေးက ဒီရှယ်ယာတွေကိုမင်းဆီမှာပါပြီးသားပါ၊ ပြန်လိုအပ်တာက ဒေါ်မာရီဆီကလုပ်ငန်းကိုပြန်ရဖို့ပါပဲ "
"ဟူတ်ကဲ့ပါ အကို! ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ် "
YOU ARE READING
Soul (ဝိဉာဉ် /လိပ်ပြာ)
Fanfictionကမ္ဘာတွေခြားနေရင်တောင် အနားမှာပဲရှိနေမှာ ရက်စက်တယ် သူ..... Chansoo