Part-30

212 28 9
                                    

Unicode

အခန်းနေရင်း ပိုရှုပ်ထွေးလာသည့်စိတ်အစဥ်ကြောင့် wheelchair ခလုတ်ကိုနှိပ်ပြီး ခပ်ဖြည်းဖြည်း အခန်းပြင်သို့ကိုယ်တိုင်ထွက်လာခဲ့တော့သည်။ လှေကားထိပ်ရောက်လေမှ

"အောက်ထပ်မှာ ဘယ်သူရှိလဲ?"

"ဟုတ် အကိုလေး....ဘာခိုင်းမလို့ပါလဲ?"

မီးဖိုဆောင်ထဲမှ ပျာပျာသလဲထွက်လာသည့် ကောင်မလေးအား သူတစ်ချက်ကြည့်ရင်း

"Hyungမရှိဘူးလား!..."

"ဟို....ဟုတ် ဒေါက်တာကိုလေးကဆေးရုံခနသွားမယ်လို့ပြောသွားပါတယ်....."

"ဦးလေးကင်ရော....."

"ဂယောင်လေး ဘာလိုလို့လဲ.....ဦးလေးဘာလုပ်ပေးရမလဲ?"

ပြောပြောဆိုဆိုနှင့် အိမ်ရှေ့တံခါးပေါက်ကနေ ဝင်လာသော ဦးလေးကင်က လှမ်းမေးသည်။ ဦးလေးကင် လှေကားပေါ်သို့တက်လာတော့ အကူကောင်မလေးအား သွားတော့ဟူ၍လက်ဟန်ပြကာဆိုလိုက်သည်။

"ဘာမှမဟုတ်ပါဘူး.....ဆူဟိုHyung အလုပ်သွားတာ ကျွန်တော့်ကိုတောင်ပြောမသွားဘူးရယ်...."

"ဆေးရုံမှာကိစ္စပေါ်လို့ထင်တယ်၊ ဖုန်းဆက်လာလို့ချက်ချင်းထသွားတာပဲ၊သူ့ခင်များလည်း သိတဲ့အတိုင်းလေ ဆေးရုံအုပ်မို့ပဲ ဆေးရုံမှာရှိတဲ့အချိန်က လက်ချိုးရေလို့ရနေပြီလား မသိ...."

"အင်း...."

"ဒါကြောင့် ဂယောင်လေးကိုပြောတာပေါ့၊ သူနာပြုအကူခေါ်ထားပေးပါမယ်ဆိုတော့လဲ မဟုတ်၊ ခုနောက်ပိုင်း ဆူဟိုကဆေးရုံမှာအလုပ်တွေပြန်ရှုပ်နေတော့ အိမ်မှာသိပ်မနေနိုင်ရှာပါဘူးလေ"

"တော်ပါပြီဗျာ...."

"စိတ်မကြည်ပြန်ဘူးလား? ခြံထဲခနဆင်းမလား....လှေကားဆင်းကူဖို့ ခြံထဲကအလုပ်သမားလေးတွေခေါ်လိုက်မယ် "

"နေပါစေ...."

"အင်းး....ချန်းယောလ်ပြန်လာရင်တော့ အိမ်ကိုပြင်ဖို့ပြောရအုံးမယ်...."

ချန်းယောလ်ဆိုသည့် နာမည်ကြောင့် ဂယောင်ဆူးက တစ်ချက်မော့ကြည့်သည်။

"ဘာလုပ်မှာလဲ...ရှုပ်ရှုပ်ယှက်ယှက်၊ ဘယ်ကိုပြင်မှာလဲ၊ ဦးလေးကင်လည်းနော်တစ်ခုခုဆိုကျွန်တော့်ကိုတောင်မတိုင်ပင်တော့ဘူး၊ မသိရင်ကျွန်တော့်အိမ်တောင်မဟုတ်တော့သလိုပဲ...... "

Soul (ဝိဉာဉ် /လိပ်ပြာ)Where stories live. Discover now