uni
"လိုက်ကြစမ်း!! အရှင်မရင် အသေယူလာခဲ့"
မီးခိုးရောက်တိုက်ပုံအကျီနဲ့ တောင်ရှည် အနက်ရောင်မှာရွှေကြိုးများကွပ်ထားပြီး သျှောင်တုံးအား ဖဲ ကြိုးအဖြူနှင့်စီးနှောင်ကာ ရွှေရောင်ဖိနပ်နဲ့ နီညိုရောင်မြင်းကြီးပေါ်စီးနေတဲ့သူသည် မျက်နှာအားသေသေချာမမြင်ရသော်ငြားလည်းသေချာပေါက် ဒေါသထွက်ကာခတ်ထန်နေမည်မှာသိသာလှသည် သူ့လက်ဆွဲတော် ရွှေရောင်ဓားအားကိုင်ကာ ဖြူလွှလွှ အရိပ်လေးနောက်တဟုန်ထိုးလိုက်နေသည်
မကြာပါဘူး ချွေးတွေရွှဲနေတဲ့အဖြူရောင်အရိပ်ကလေးအား မီးထုတ်များနဲ့လူများဝိုင်းရန်လျက် သူဘေးမှ မြစိမ်းရောင် ဝတ်ဆင်ထားသောကောင်မလေးကိုပါ ဖမ်းလိုက်ကြသည်
"ဖြစ်လေရာဘဝတိုင်းမှာ အရာအားလုံးထက်သာလွန်ပြီး သခင်ကိုမုန်းတဲ့အမုန်းတွေတည်တံ့ပါစေသား သံသရာအဆက်ဆက် သခင့်အားအနိုင်ယူနိုင်တဲ့သူအဖြစ်မွေးဖွားလာရပါစေသား"
အဖြူရောင်အရိပ်ကလေးသည် ဓားနဲ့ လည်ပင်းထောက်ထားသူ အားတည့်တည့်ကြည့်ကာကျိန်ဆိုပြီး ဓားအားဆွဲလု၍ လည်ပင်းအား ဖြတ်တောက်ကာ ထိုနေရာမှာတင်လဲကြသွားသည်ကို
သခင်ဆိုသောလူကမမှိတ်မသုတ်စိုက်ကြည့်နေခဲ့တယ်တီ တီ တီ
ဝူန်းး ဟောဟဲ ဟောဟဲ
သူရင်ဘက်ကိုဖိကာထလိုက်မိသည် ညတိုင်းဒီအိပ်မက်ကိုမက်နေ ကြ သူ့အသက် 18 ကတည်းက ညတိုင်းလိုလို လည်ပင်းကို ဓားနဲ့ဖြတ်တောက်ခံရတယ်လို့မက်တိုင်း အသက်ရှုတွေကျပ်ကာ လန့်လန့်နိုးလာတတ်သည် အိပ်မက်ထဲကလူကို သူသိပ်မုန်းသည် မျက်နှာမမြင်ရပေးမယ် အသံကိုကြားရသည် ထိုသြရှရှအသံအားမုန်းသည်
ညတိုင်းသူ့ကိုအိပ်မရအောင်လုပ်တဲ့ ထိုလူသားအားမျက်နှာမမြင်ရခင် အသံကတည်းကအရိုးစွဲနေအောင်မုန်းပါသည်
အိပ်မရတော့မယ့်အတူတူ တတီတီ မည်နေနဲ့နိုးစက်အားရိုက်ခွဲကာ ခေါင်းရင်းမှ Cigarettes တစ်လိပ်အားဖွာကာ ဆွဲကာ မီးညှိပြီးဖွာနေလိုက်သည်
ဟူးးးးစ်
ဆေးလိပ်ကိုသူအရမ်းကြိုက်သည် သူ့အသက် 14 နှစ်ကတည်း အဘွားတိုက်လို့ သူစသောက်ဖြစ်သည် သူ့ဘဝမှာ သူ့ရဲ့ အဘွားကသာဘုရားသခင် သူ့အဘွားကိုသာသူ့ကိုးကွယ်ရာဆရာသခင်ဖြစ်သည်
YOU ARE READING
စစ်မှန်သော
Romanceကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး