uni
မောင်နဲ့ကောင်းကင် တို့ရဲ့ နေ့ရက်တွေဟာ အလွန်သာယာပါတယ် မောင်ကသူ့ကို အရမ်းချစ်ပေးတယ် အမျိုးမျိုးလည်းရင်ခုန်အောင်လုပ်တတ်တယ် အခုဆို အင်တာနက်မှာ မောင်နဲ့ သူနဲ့ တွဲနေကြတယ်ဆိုတဲ့ သတင်းများမှာပလူကိုပြန်လို့ မောင်ကလည်း ဘာမှ မဖြေရှင်းဒီတိုင်းပဲသာထားသည်
ဖွားလေးကတော့ သူတိူ့တွဲတာကို ထောက်ခံတယ် ဒါပေမယ့် ဦးလေးနဲ့ အဒေါ်တို့ကသိပ်ပြီး လက်မခံချင်ပေ
အေးလေ သူတို့ရဲ့တစ်ဦးတည်းသောသားလေးကို ဘယ်သူက gay
ဖြစ်စေချင်ပါ့မလဲ အဒေါ်ဆို သတင်းကြားတုန်းက တက်ပါတက်သွားတာ မနဲနှာနှပ်ယူရသည်
ဦးလေးကတော့ ဘာမှမပြော မယုံနိုင်သလိုသာကြည့်နေသည်နောက်တော့ တစ်ဖြည်းဖြည်း သူ့အပေါ် အရင်ကအတိုင်းပဲဆက်ဆံလာပါတယ် အဒေါ်ကတော့ သိပ်တော့မကြည်
"မောင့်သခင် ဘာတွေများ စဥ်းစားနေတာတုန်း"
"ဘာရယ်တော့မဟုတ်ပါဘူး ဒီတိုင်းရောက်တတ်ရာရာပေါ့"
"မောင်တို့ shopping ထွက်ရအောင်လေ"
"အပြင်မှာနေပူတယ်မောင်ရယ် ပြီးတော့ပင်ပန်းပါတယ် အိမ်မှာဘာတွေများ လိုနေလို့တုန်း"
"ကျစ် သခင်တို့ကတော့ တုန်းလိုက်တာ မောင်ကသခင်နဲ့ နှစ်ယောက် date မလို့လေ"
"အဲ့တာများပြောရောပေါ့ အဝတ်အစားသွားလဲလိုက်ဦးမယ်"
"နေဦး မောင့်ကိုချစ်လား"
ဝရံတာမှ အခန်းထဲ ပြန်ဝင်ဖို့ လုပ်နေသူအား လက်လှမ်းဆွဲကာ မေးတော့
"ငါ ငါ မသိသေးဘူး မောင်"
"ပြွတ်စ် သိအောင်ကြိုးစားပါ မောင့်သခင် "
အမှတ်တမဲ့ နှုတ်ခမ်းအားလှမ်းနမ်းသောသူကြောင့် မျက်နှာများပူကာ အဝတ်လဲဖို့ ရေချိုးခန်းထဲသာပြေးဝင်သွားလိုက်သည်
မောင်က မထင်ရင်မထင်သလို နမ်းတတ်သည် သို့ပေမယ် သူကလည်း မောင်နမ်းတိုင်း ရင်တွေပေါက်ကွဲမတက်ခုန်လာပြီးတော့ မောင်အား သူ့ရင်ခုန်သံတွေကြားမည်ဆိုးကာ
ရှက်ရှက်နဲ့ ထွက်ပြေးမြဲ ထွက်ပြေးသည်
YOU ARE READING
စစ်မှန်သော
Romanceကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး