Part-26🔯☪☪

537 38 4
                                    

uni

"ကိုကြီးကောင်းရေ မီးငယ် အဘွားခေါ်မရတော့ဘူး"

"ဟင် ဘယ်လိုဖြစ်တာလဲ ထော်လေး"

သူ့ကိုကူညီထားတဲ့ အဘွားက နာတာရှည်ရောဂါနဲ့ အိပ်ယာထဲ လဲနေတာ တစ်နှစ်ကျော်ပြီ

အခုမှ လယ်ကပြန်လာတာမမို့ ပေါက်တူးကို မြေပြင်ပေါ်ကိုချကာ အိမ်ပေါ်အလျက်အမြန်တတ်ကြည့်လိုက်သည်

အဘွားကို လှုပ်နိုးပေးမယ့် မထလာတော့ အသက်ရှူတွေပါတွေကို
စမ်းကြည့်တော့လည်း  အသက်လည်းမရူတော့ နှလုံးလည်း ခုန်မတော့ အဘွားတကယ်​ဆုံးသွားပြီ

အဘွားအသုဘ အပြီး ထော်လေးကို သူပဲစောက်ရှောင့်ရသည် ထော်လေးက 2 တန်းတက်ရမှာမို့ ကောင်းကင်က ပိုက်ဆံပိုရှာကာ ထော်လေးအား ကျောင်းထားပေးသည်

အခုမောင်ရော ဘယ်လိုများနေပါလိမ့် မောင်ချစ်တဲ့ သူနဲ့ လက်ထပ်လိုက်ပြီးလာဟင် ငါမောင့်ကို တစ်ရက်မှ မေ့မရခဲ့ဘူး

"ကိုကြီးကောင်း နေမကောင်းဘူးလားဟင် မှိုင်တိုင်တိုင်နဲ့"

"ကိုကြီးက ထော်လေး အာဘွားမပေးတော့ မှိုင်နေတာ"

"ဟီးဟီး မွ မွ ကိုကြီးကောင်း"

သွားတန်းဖြူဖြူလေးတွေနဲ့ ရီပြတိုင်း ငါ့မောင့်ကိုပဲမြင်ယောင်နေမိတယ်

"ကိုကြီးရေ မီးကျောင်းသွားပြီးနော်"

"ကောင်းကောင်းသွားနော် ထော်လေး လမ်းမှာ ​သာကူတို့နဲ့ ဒိုးဝင်ပစ်မနေနဲ့"

"ဟီးဟီး ကိုကြီးကောင်းကလည်း
တာ့တာ"

ထော်လေးက အရိပ်အကဲသိပ်သိတတ်သည် ပြီးတော့ စကားကလည်းတအားတတ် သူထော်လေးကို သူ့ညမလေးတစ်ယောက်လို သမီးတစ်ယောက်လိုသိပ်ချစ်သည်

"ဗို့ ကောင်းကင် လယ်ထဲသွားရအောင်"

"လာပြီ ဗျို့ ကိုရင်လှ ရေ "

ပုဆိုးကို ခပ်တိုတိုဝတ်ကာ ခမောက်ဆောင်းပြီး ပေါက်တူးထမ်းကာ လယ်ထဲသွားရန်ပြင်လေသည်

ဒီနှစ်လယ်က ရတဲ့ စပါးတွေ မြို့တတ်ရောင်းမှဖြစ်မည် ဒီမှာကျရင် စျေးနှိမ်ကျသည်လေ

စစ်မှန်သောWhere stories live. Discover now