Part -20🔯☪☪

418 31 1
                                    

uni

မနက်လေးနာရီကြီးထကာ ဘုရားသွားဖို့ပြင်ဆင်ကြသည် စောစောသွားမှ
နေမြင့်ရင် လူအများကြီးနဲ့ ဘုရားဖူးလို့
မကောင်း

ပြီးတော့မောင် ကနာမည်ကြီးတစ်ယောက်ဖြစ်နေတာကြောင့်လည်း မောင်ဘုရားသွားတာသာသိရင် fan တွေ ဝိုင်းလာကြလိမ့်မယ် အဲ့တာမှ ပြေးပေါက်မှားကုန်မှာ

ကောင်းကင်ကတော့ ရှပ်အကျီအဖြူလေးနဲ့ အောက်က ကျောက်စိမ်းကွပ်စိတ်ပုဆိုးလေးဖြင့်တွဲဝတ်ထားပြီး မြင်းကျယ် ဖိနပ် အနက်ရောင်လေးကိုစီးလိုက်သည်

ထို့ပြင်သနပ်ခါးလိမ်းကာ ပါးမှာ ပါးကွပ်လေးတောင်ကွပ်လိုက်သေးသည်

မောင်က သူလို့ဆင်တူဝတ်ထားပေး
မယ့် သနပ်ခါး တော့မလိမ်း မျက်နှာ​ဗြောင်နဲ့သာ

မောင်ပုံစံက တစ်ကယ့်ကို ခန့်ခန့်ညားညားကြီး နဲ့ အားကိုချင်စရာကြီးဟိဟိ

"ဟိတ် ဘာတွေပြုံးစိပြုံးစိဖြစ်နေတာလဲ"

မောင်က ခါးကိုလှမ်းဖတ်ကာ မေးစိကိုင်ကာ မေးသည်

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း မောင်က
ခန့်လို့"

"မောင်က ခန့်ရင် သခင်က ချစ်ဖို့ကောင်းတယ် ပြွတ်"

မျက်စိရှေ့မှ နီရဲရဲ နှုတ်ခမ်းလေးအား ငုံထွေးလိုက်သည်

ဒီနေ့မှ သခင်တော်တော်ချစ်ဖို့ကောင်းနေသည် ပါးလေးမှာ ပါးကွပ်လေးနဲ့ ဘယ်လိုလေးမှန်းမသိ ပုဆိုးထဲ
ရှပ်အကျီထည့်ဝတ်ထားတာကြောင့် ခါး ကျင်ကျင်လေးရှိကြောင်းသိသာလှသည်

"လာသွားမယ် "

မောင့်လက်အားချိတ်ကာ သွားရန်ပြင်တော့

"ခန "

ဂစ်တာအိတ်ကြီးယူကာ ထွက်ပြီး

"သွားမယ်လာ"

လက်ကို ပြန်ချိတ်စေကာ ကားဆီရောက်အောင်သွားသည်

ထို့နောက် ကားလေးမောင်းကာ ရွှေတိဂုံဘုရားသို့

မောင်က စနေသားဖြစ်ပြီး ငါက ဗုဒ္ဓဟူးသားဖြစ်တာကြောင့် ကိုယ့်နေ့နာမ်မှာ ကိုယ်သွားကာ ပူဇော်ကြသည်

စစ်မှန်သောWhere stories live. Discover now