Part-14🔯☪☪

455 38 6
                                    

uni

တစ်ခါတစ်လေကြရင် မောင့်အပြုအမှုတွေကတစ်မျိုးတွေရယ် မောင့်မျက်လုံးထဲမှာ ဘာကြောင့် အမုန်းတွေ မြင်နေရတာလဲ မောင်ငါ့ကို ချစ်ရောချစ်ရဲ့လား

"မောင် မင်းငါ့ကိုချစ်လား"

"အော် ရုတ်တရက်အကောင်းကြီးကနေ ဘာထဖောက်ပြန်ပြီးတုန်း"

"ဒီတိုင်းပဲ သိချင်လို့ပါ"

"မောင်က သခင်နဲ့ ထက်တူပါပဲကွာ
ပြွတ်စ်"

"မောင်ကလည်း အားနေငါ့ပဲ နမ်းနေတာပဲ"

"မောင့်မှာ နမ်းစရာသခင်ပဲ ရှိတာကို"

"သွားပါ လျှောက်ပြောနေ ဖယ် ဖယ် ရေချိုးအုံးမယ်"

အဟင်းဒါကတော့ မနက်ခင်း မှာ ချစ်ကြည်နူးတစ်တီတူးနေကြခြင်းသာ

(လင်မရှိတဲ့သူတွေ ခွခေါင်းအုံးနဲ့ တစ်တီတူးကြပါ)

မောင်က နိုးရဲ့သားနဲ့ ခနအိပ်အုံးမယ်ဆိုပြီး ကောင်းကင်ကိုပါမလွတ် အတင်းဖတ်ထားကာ ဇိမ်ယူနေသည်

"သခင်က ရေမချိုးလည်း သန့်ပြီးသားပါ"

"အပိုတွေ လာမပြောနဲ့တော့ ဖယ် မင်းဒီနေ့အလုပ်မရှိပေမယ့် ငါအလုပ်သွားစရာရှိတယ်"

"ဘာအလုပ်လဲ"

"ဦးလေးခိုင်းထားတာ မလုပ်လို့မရဘူး"

"ကျစ် အဖေကလည်း မလုပ်နဲ့ ဗျာ အဲ့ အလုပ်တွေ သခင်က မောင့်အတွက်ပဲ အလုပ်လုပ်ရမှာ"

"လက်ပေါက်မကပ်စမ်းနဲ့ ကွာ ဖယ်"

"သခင် အဲ့ အလုပ်သွားလုပ်ရင် မောင်လည်း club သွားမှာ"

"သွားသွား သတင်းစာခေါင်းစီးထဲ ပါချင်နေတာဆိုတော့သွား"

ဟိုတစ်ရက်ကပေါ့ မောင်ကြော်ငြာတဲ့ ရေမွှေးက ရောင်းအားအမြင့်ဆုံးစာရင်းထဲပါသွားတာမို့ ရေမွှေး company က ညစာစားပွဲ ကျင်းပပေးတယ် ညစာစားပွဲသာဆိုတယ် club လိုမျိုး dj တွေနဲ့ ဝိုင်နေနဲ့ ကခုန်နေကြတာ

အဲ့နေ့တုန်း က ကောင်းကင်ရော
မောင်ရော အတူတူ သွားကြတယ်
အဲ့မှာ မောင်က mask တတ်ထားပြီး ချောင်ကျကျဝိုင်းမှာ အေးဆေးနေ နေတာ

စစ်မှန်သောWhere stories live. Discover now