uni
ကြော်ငြာရိုက်ကွင်းအားသွားတဲ့ ကားလေးထဲမှာ ငြိမ်သက်စွာ ထိုင်နေသောလူနှစ်ယောက် မကြာပါ တိတ်ဆိတ်မှူကို ကောင်လေးက ဖြိုခွင်းလိုက်သည်
"သခင့်ကိုမောင်ပြောရဦးမယ် မောင်ကသခင်နဲ့ ခိုးကြောင်ခိုးဝှက်ဆက်ဆံရေးမဟုတ်ဘူးနော် ပေါ်တင်တွဲမှာ"
"မင်းရူးနေလား မင်းက အနုပညာရှင်တစ်ယောက် အဲ့လိုမျိုး ဂရုမစိုက်ပဲလုပ်ချင်လုပ်လို့မဖြစ်ဘူး"
"မောင့်ဂရုစိူက်တာသခင်တစ်ယောက်ပဲ"
ကောင်းကင်တစ်ယောက် မျက်နှာတွေပူလာပြီးရှက်သလိုမျိုးကြီးဖြစ်လာရသည် မသိရင် ရီးစားစကားစပြောခံရတဲ့ ဆယ်ကျော်သက်အပျိုဖြန်းလေးအတိုင်းပဲ
"သခင် မောင့်ကို မောင်လို့ခေါ်ကြည့်ပါလား"
"မခေါ်နိုင်ဘူး အဲ့လိုတွေ "
"အင်းပါ တစ်နေ့နေ့တော့ခေါ်လာမှာပေါ့"
အဲ့ဒီခေါ်တဲ့နေက မင်းနှလုံးသားကို ငါ့လက်ထဲထည့်တဲ့နေ့လို့တော့ငါထင်တယ် ဟက် သိပ်မုန်းတယ်
ကောင်းကင်ပြာ ခဗျားကိုသိပ်မုန်းတယ်
မုန်းလိုပဲ ချစ်ဟန်ဆောင်ပြီး ခဗျားနာကျဥ်အောင် လုပ်ဦးမှာ သခင်ဆိုတဲ့နာမ်စားက ကျုပ်သိပ်မုန်းတဲ့နာမ်စား
အဲ့ဒီနာမ်စားကိုခေါ်တိုင်း ကျုပ်မုန်းတဲ့ သူကိုသတိရနေမယ် အဲ့တာခဗျားပဲ ကောင်းကင်ပြာရေကြော်ငြာရိုက်ကွင်းရောက်တော့ထုံးစံအတိုင်း ရိုက်စရာရှိတာရိုက်ကူးကာ အလုပ်ရူပ်ကြပြန်သည်
ကောင်းကင်ကတော့သာသာယာယာရယ် သူများလက်ထောက်တွေလို အလုပ်မရူပ် ချောင်တစ်ချောင်မှာ ခွေဖို့သာပြင်နေသည်
"ကောင်းကင်"
မျက်လုံးလေးမှိတ်မလို့လုပ်တူန်း နာမည်ခေါ်သံကြားတာမို့ ပြူးပြဲကြည့်တော့ မြဆိုသောသူမ
"မြရောက်လာပြန်ပြီလား"
"ကောင်းကင်ကမြကိုမလာစေချင်ဘူးလား"
မလာစေချင်ဘူး လို့ စိတ်ထဲကသာ ပြောလိုက်သည်အပြင်မှာတော့
YOU ARE READING
စစ်မှန်သော
Roman d'amourကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး