uni
မနက်မိုးလင်းကနေပြန်အိပ်လိုက်တာ ညနေတောင်စောင်းတာမို့ ကျောတွေလည်းပူနေတာကြောင့် ထလိုက်ပြီး ဘေးကလူကို စမ်းကြည့်တော့ ကိုယ်နည်းနည်းနွေးနေသေးသည်
ကြာကြာအိပ်ရင် ထပ်ဖျားမှာဆိုးတာကြောင့် နိုးဖို့သာပြင်လိုက်ရသည်
"သခင် ရေ ထ "
"အင်းးးး အွင်းး"
ငြီးသံပေးကာ ဟိုဘက်ပြန်လှည့်သွားသည်
"ထ လာ တော်ကြာပြန်ဖျားမယ်"
စိတ်မရှည်တာမို့ ဆွဲထူ လိုက်တော့ ဆွေ့ကနဲ ပါလာသည့် ကိုယ်လုံးလေးက
ပေါ့ပေါ့လေးရယ်"အ့ နာတယ်"
ကောင်းကင်အား ဂျိုင်းမှ ဆက်ကနဲ ဆွဲထူခံလိုက်ရတာမို့ ထိုင်တော့ ဗိုက်မှ ဒဏ်ရာက စစ်ကနဲ ရယ်
"မေးပါဦးမယ် အဲ့ ဒဏ်ရာက ဘယ်လိုရတာလဲ"
"ဟို ဒီတိုင်းခိုက်မိတာ"
ကောင်းကင် အမှန်တိုင်းပြောလို့မဖြစ် သူ တရားဥပဒေနဲ့ မလွတ်ကင်းတာတွေလုပ်နေတာဆိုရင် မောင်က သူ့ကို ပစ်သွားမလား
"ဘာကိုဒီတိုင်း ခိုက်မိရမှာလဲ ဒဏ်ရာက ဓား ဒဏ်ရာလေ"
"အဲ့ဒါက လေ ဟို ဟိုဟာ"
"သခင် မောင့်ကိုကြည့်"
စိတ်လှုပ်ရှားရင် လုပ်လေ့ရှိသည့်အတိုင်း မျက်လွှာလေချကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်
"မောင်ပြောမယ် သခင်နဲ့ မောင်နဲ့က တစ်ယောက်နဲ့ တစ်ယောက် ဖုံးကွယ်ထားတာတွေ ရှိရမယ့် ဆက်ဆံရေးမျိုးမဟုတ်ဘူး မောင့်ကို ယုံကြည်ပါ တစ်ခုခုဆို မောင့်ကို အရင်ဆုံးပြောပါ "
"ဟုတ်ကဲ့ မောင်"
"သခင်မပြောချင်ရင်လည်း ထားလိုက်တော့ မောင်မေးမနေတော့ဘူး သခင်စားဖို့တစ်ခုခု သွားပြင်ဆင်လိုက်ဦး
မယ် "ပြောကာ စောင်ပုံထဲမှ ထပြီး
အောက်ထပ်ဆင်းသွားတာကြောင့် ကောင်းကင်တစ်ချက်သက်ပြင်းချကာ ဝရံတာကိုသာထွက်လာလိုက်သည်ဘာလို့များ မောင်ငါ့ကိုမချစ်ဘူးလို့ပဲ ခံစားနေရတာလဲ ငါ့အိမ်မက်ထဲက မောင်ကတော့ ဘာလို့ ကိုယ့်ကို ကိုသေရတာလဲ ပြီးတော့ ငါ့ကို ဘာတွေပြောသွားတာလဲ
YOU ARE READING
စစ်မှန်သော
Любовные романыကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး