Part-23🔯☪☪

501 34 3
                                    

uni

"သခင် ခုနက ထွက်သွားတာ မြလား"

ကောင်လေးက သခင့် ရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်ပြီးမေးသည်

"ဟုတ်တယ် မောင်ကကြာလိုက်တာ"

"မောင်ဆေးလိပ်သောက်နေတာပါ"

"အင်းပါ စားစရာတွေလာချပြီ စားရအောင် ငါဗိုက်ဆာနေပြီ"

စားပွဲထိုးက စားစရာ တွေလာချတာမို့ စကားကျောဖြတ်လိုက်ပြီး စားစရာတွေဆီသာ အာရုံပို့ထားလိုက်သည်

စားလို့ပြီးတော့ မောင်ကထပ်မေးလာပြန်သည်

"မြ ကဘာပြောသွားလဲ"

"ဘာမှမပြောဘူး ဒီတိုင်းလာနှုတ်ဆတ်တာ"

"ဖက်ပြီးတော့လား"

မောင့်ကိုကြည့်လိုက်တော့ မောင်က တစ်ရူးနဲ့ ပါးစပ်သုတ်နေသည် သူ့ကိုတော့ကြည့်မနေ

"အင်း "

"သခင်တို့ ဖက်စရာ ဘာအကြောင်းရှိလို့လဲ"

"ငါတို့က သူငယ်ချင်းတွေ အဲ့တာ
ကြောင့် အဲ့လိုနှုတ်ဆက်တာ"

"ဟုတ်လား တော်တော်ရင်းနှီးကြတယ်ပေါ့ ဘယ်အထိလဲ"

"မောင် မင်းစကားတွေ ဘောင်ကျော်မလာနဲ့"

"သခင်တို့ကရော လူမြင်ကွင်းကြီးမှာဖတ်နေကြတာလေ"

"ငါတို့ကရိုးရိုးသားသား"

"ယောကျာ်းနဲ့ မိန်းမ ဖတ်တာ ရိုးသားတယ်ပေါ့"

"ယောကျာ်းနဲ့ မိန်းမဖတ်တိုင်းမရိုးသားရဘူးတဲ့လား မောင်အမြင်ကျဥ်းလွန်းတယ်"

ကောင်းကင်က ထပြန်လေသည် ဒီနေရာမှာ မောင်နဲ့ ဆက်ပြီး အငြင်းမပွားချင်တော့

ကားပေါ်ဝင်ထိုင်ကာ ခါးပတ်ပတ်ပြီး ကားမှန်ဘက်ကို မျက်နှာ လှည့်ထားလိုက်သည်

မောင်ကတော့ ကားပေါ် တက်ကာ
မမောင်းပဲ ကောင်းကင်အား ပြသနာရှာပြန်သည်

"သခင်နဲ့ မြက ဘာတွေလဲ ဘာလို့ အလိုတွေလူမြင်ကွင်းမှာလုပ်ရတာလဲ"

"မောင့်ကိုငါပြောပြီးပြီ သူငယ်ချင်းတွေလို့"

"ဘယ်သူငယ်ချင်းက အဲ့လိုဖက်မှာလဲ အခုဟာက သမီးရည်းစားတွေလို"

စစ်မှန်သောWhere stories live. Discover now