Part-18🔯☪☪

413 38 1
                                    

uni

စေ့စပ်ပွဲမှာ သတို့သမီးလောင်းမေ့လဲသွားတယ်ဆိုတဲ့ သတင်းက မီဒီယာတွေ အကြိုက်ဖြစ်သွားကာ သူ့ထက်ငါအပြိုင်သတင်းရေးနိုင်ဖို့ ကို မေးမြန်းဖို့ပြုလုပ်ရန် ဆေးရုံ ဝန်းထဲ ရောက်ရှိနေကြသည်

မြဟာ ဆေးရုံမှာ ဆေးပိုက်တန်းလန်းနဲ့မေ့မြောနေတုန်း

မြသည် နာမည်ကြီး အက ပညာရှင်တစ်ယောက်ဖြစ်တာမို့ ဒီလိုမျိုးဖြစ်ရပ်ကြီးက သတင်းသမားတွေ သတင်းယူချင်ကြတာလည်းမဆန်းပါ

မြ ကုတင်ဘေး မှာ ဦးစက်နေထွန်းရယ် ကောင်လေးရယ် သခင်ရယ် ရှိနေကြသည်

မြရဲ့ မိဘနဲ့ ဦးစက်နေထွန်းရဲ့ မိဘတွေကတော့ စေ့စပ်ပွဲအား ဆက်လက်ဆောင်ရွက်ကာ မြန်မြန် ပြီးစီးသွားအောင်လုပ်ဆောင်နေကြသည်

မြနဲ့ ဦးစက်နေထွန်းတို့ဟာ ငယ်ငယ် ကတည်းက လူကြီးတွေက ပေးစားဖို့သဘောတူခဲ့ သည်

မြ အမျိုးမျိုးငြင်းဆန်ခဲ့ပါသေးတယ် မြအလုပ်ကို ပါထိခိုက်လာနိုင်တာမို့ မြဆက်ပြီးမငြင်းဆန်ရဲခဲ့

မြက သူ့အလုပ်ကို လည်းသိပ်ချစ်ပါသေးသည်

"ကောင်းကင်​ပြာလေးတို့ ပြန်ရင်ပြန်လေ ကိုယ်ဒီမှာပဲ ဆက်စောင့်နေလိုက်မယ် အားနားလို့ပါ"

"ရတယ် ကျွန်တော်တို့ ဆက်စောင့်နေပေးပါ့မယ်"

ထိုစကားကိုကောင်လေးမှပြောလိုက်ခြင်း

ကောင်လေးစိတ်ထဲ မြတစ်ခုခုဖြစ်သွားမှာကို မလိုလားသလိုဖြစ်မိပြီး စိုးလည်းစိုးရိမ်မိသည်

ကောင်လေးဟာ မြအပေါ်မှာ အရင် ဘဝတုန်းက အတိုင်းဆက်လက်ငြိတွယ်နေဆဲပါ။

"မောင် ပြန်ရအောင်လေ အောက်မှာ
မီဒီယာ သမားတွေရှိတယ် နောက်ပေါက်က ခိုးထွက်ရမှာဆိုတော့ မိုးမချုပ်ခင်လေး ပြန်ကြရအောင်"

"သခင်က ဘယ်လိုလဲ မြက သခင့်သူငယ်ချင်းလေ ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးဆေးရုံမှာလဲနေရတာကို သခင်က အိမ်ပြန်ဖို့ပဲ လုပ်နေတာ"

"ဒါပေမယ့် ငါက မောင့်အတွက်ပြောတာပါ"

"မလိုဘူး မစောင့်ချင်ရင် သခင်အိမ်ပြန်လိုက်ပါ"

စစ်မှန်သောWhere stories live. Discover now