part-21🔯☪☪

448 41 1
                                    

uni

ကောင်းကင်နိုးလာတော့ အရာအားလုံးက အဖြူရောင်တွေကြီးသာဖြစ်နေသည် ဘယ်နားကြည့်ကြည့် အဖြူရောင်လွင်ပြင်ကျယ်ကြီးတွေသာ တွေ့ရသည်

"ငါဘယ်ရောက်နေတာလဲ ဒါဘယ်နေရာကြီးလဲ"

မကြာပါ မျက်စိရှေ့မှာ ပုံရိပ်များစွာ ပေါ်လာသည်

ထိုပုံရိပ်တွေ ​ပြေးလွှားနေသော
ပုံရိပ်တန်းတွေ ကောင်းကင်ရဲ့ ပတ်ပတ်လည်မှာ ပေါ်ပေါက်လာခဲ့တယ်

ထိုထဲ့မှာလဲ မောင်က သူ့ကို သခင်လို့ပဲခေါ်ခဲ့တယ်တဲ့

ပင်းယခေတ်(၁၃၁၃-၁၃၆၄)

ပုဂံခေတ်ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာ အလယ်ပိုင်းဒေသဧရာဝတီမြစ်အရှေ့ပိုင်းရှိ နိုင်ငံငယ် တစ်ခု ဖြစ်သည်။

ပင်းယသည်ဧရာဝတီမြစ် အနောက်ပိုင်းကို လွှမ်းမိုးသော၊စစ်ကိုင်းနှင့် နိုင်ငံပြိုင် ဖြစ်သည်။ ဤခေတ်ကိုမြင်စိုင်းခေတ်ဟုလည်း ခေါ်​သေး သည်။

သီဟသူသည် ၁၃၁၀ ခုနှစ်တွင် နောင်တော်ကြီးအသင်္ခယာကို
လုပ်ကြံခါ တစ်ပါးသော မင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။

ထိုခေတ်ထိုအခါတွင် လူတန်းစားများအဆင့်ဆင့်ခွဲခြားထားပြီး ကျွန် ဆိုသော လူတန်းစားမှာ အနိမ့်ဆုံးလူတန်းစားဖြစ်သည်

သို့သော်လဲ ကောင်လေးမှာ သာမန်ကျွန်မဟုတ်ပဲ သခင့် ၏ကျွန်သီးတော်တစ်ယောက်ဖြစ်ခဲ့သည်။

(ကျွန်သီးတော်= အသီးအခြားအလေးအမြတ်ထားအပ်သည့်ကျွန်ဖြစ်ပြီး အမူထမ်း သဘောမျိုးလည်းသက်ရောက်သည်)

သခင်ဟာတော့ သူကောင်းမျိုးနွယ်မှ သား တစ်ဦးဖြစ်သည်။

(သူကောင်းမျိုးနွယ်=မှူးမတ်မျိုးနွယ်)

သခင့် အဖေဟာ နန်းတွင်း မှ အကြံပေး အမတ်ကြီးတစ်ဦးဖြစ်သည်။

သခင့် အမေဟာ ကုန်သည်မျိုးရိုးမှ
သူငှေးကြီး တစ်ဦး၏ သမီးဖြစ်သည်။

ဒါကြောင့် သခင်ဟာ ငယ်ငယ်ကတည်းက ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး ရွှေပေါ်မြတင်နေလာကာ လက်ညိုးညွှန်ရာ ရေဖြစ်စေခဲ့သည်

စစ်မှန်သောWhere stories live. Discover now