uni
မြ နဲ့ ပတ်သတ်ပြီး စကားများပြီးတဲ့ အချိန်ကတည်းက သခင်ဟာ
ကောင်လေးအပေါ် အကောင်းသိပ်မမြင်တော့ အမြဲတမ်း ဂလန့်တိုက်နေတတ်သည်"သခင်ဘာစားမလဲ မောင် ဒီနေ့အားတယ် ချက်ကျွေးမလို့"
"ငါ့မှာလက်တွေပါတယ်"
ပြောကာ မီးဖိုခန်းထဲဝင်သွားကာ ချက်ဖို့ပြုတ်ဖို့ လုပ်နေသူ
ကောင်လေးလည်း အနောက်ကနေလိုက်သွားပြီး အေပရွန်ဝတ်နေတဲ့ လူကို နောက်ကနေ သိုင်းဖတ်ပစ်လိုက်သည်
"မင်းဘာလုပ်တာလဲ ဖယ်စမ်း"
"သခင်ခေါင်းလျှော်လာတာလား မွှေးနေတာပဲ"
"အပိုတွေလာမပြောနေနဲ့ ဖယ်စမ်း"
မဖယ်ပဲ လည်ပင်းကို တစ်ရှုံရှုံလာနမ်းကာ နောက်က သူ့ ပစ္စည်း နဲ့ ဖင်ကိုလာထောက်ထားသေးသည်
"မောင် မင်းဟာကိုငါ ခုတ်ဖြတ်လိုက်ရမလား ဖယ်စမ်း "
ဟားဟား သိပ်စလို့ကောင်းတာ နားရွက်တွေနီ ရဲလာပြီ
ထိုနီရဲနေတဲ့ နားရွက်တွေအား ငုံထွေးကာ ဖွဖွလေးကိုက်ပြီး လည်ပင်းသို့ပြန်ဆင်းကာ အနီကွက်များပေါ်အောင် စုတ်ပစ်လိုက်သည်
"ဟယ်တော် ဘာတွေလဲ ဖွားလေး မမြင်ဘူးနော်"
ရုတ်တရက် အနောက်မှ ဖွားလေးအသံကြားတာမို့ မောင့်ကို တထောင်နဲ့ တွတ်ပြီး တွန်းလွှတ်လိုက်ရသည်
ဖွားလေးကတော့ ဘာမှန်းမသိ သူများတကာ ကြည်နူးနေတာကိုတကယ်ဖြတ်တယ်
ကောင်လေးဟာ စူစူပုတ်ပုတ်နဲ့ မီးဖိုခန်းထဲမှ ထွက်ကာ ဧည့်ခန်းမှာ သွားထိုင်နေသည်
"အမလေးတော် ရုပ်ကအဲ့လောက်ဖြစ်မနေပါနဲ့ ငါ နင့်ဖွားအေနော် ရုပ်ကိုပြင်"
"ကျွန်တော်က ဘာဖြစ်နေလို့လဲ"
"မောင် မင်းဘယ်လိုဖြစ်နေလဲ ကို့အဖွားကို "
နှာခေါင်းတစ်ချက်ရှုံကာ ဖုန်းထုတ်ပြီး ဖုန်းပွတ်နေပြန်သည် တကယ် ကိုယ့်အဖွားတောင် မလေးစား
"ဖွားလေး ဘာသောက်မလဲ"
"မသောက်ပါဘူးအေ အိမ်ကြီးရှင်က ငါ့ကို မသဒါ တာ မသောက်တော့ဘူး ပြောစရာရှိလို့လာခဲ့တာ"
YOU ARE READING
စစ်မှန်သော
Romanceကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး