uni
ကောင်လေးလည်း ကြောငြာတစ်ချို့တစ်ဝက်ရိုက်ပြီး နေ့လည်စာစားချိန်ရောက်လာတာမို့ ထမင်းစားခန ဖြုတ်ကာ အလုပ်ခနနားကြသည်
ဟိုလူကိုခေါ်ကာဆိုင်မှာသွားစားဖို့ပြင်လိုက်သည် ခေါ်ဖိူ့အနားသွားတော့ အနားမှာ မိန်းကလေးတစ်ယောက်ထိုင်နေသည်
"နေ့လယ်စာသွားစားမယ် လာ "
"ဟို မြ လည်းလိုက်လို့ရမလား ကောင်းကင်က ကိုနေမင်းတစ်ရာ လာမှ စားမယ်ပြောလို့"
"ရတယ်လေ ဒါနဲ့ နာမည်က မြတစ်လုံးထဲပဲလား"
"မြသက်ထား ပါ"
"အင်း သူနဲ့ မြနဲ့ ဘယ်တူန်းကခင်တာလဲ"
"မကြာသေးပါဘူး ဟုတ််တယ်မလားကောင်းကင်"
"အင်း"
"ကျွန်တော့်ကိုလည်း သူ့လို ခင်နိုင်ပါတယ် မြ"
"အော် အင်း အင်းပါ"
မြလည်း အင်တင်တင်နဲ့ ပဲလက်ခံလိုက်ရသည် နေမင်းတစ်ရာကို သူမ
မခင်ချင်ပါ သူမ အရင်တုန်းက သူအားသခင်နဲ့ ကွဲကွာစေသူကို သူသိပ်မုန်းမိသည် အခုလည်းသခင့်အနားရောက်နေပြန်ပြီ ဒီတစ်ခေါက်တော့ သခင်ဟာမြအတွက် ဖြစ်ပေးလို့မရဘူးလားခန အကြာ မြတို့သုံးယောက်နေ့လည်စားပြီး တော့ မြလည်း အက တိုက်ဖို့ခေါ်တာကြောင့်ပြန်သွားရသည်
ကောင်လေးနဲ့ သခင်ကတော့ ကြော်ငြာတွေပြီးစီးမှညနက်မှသာ အိမ်ပြန်ရောက်ကြသည်ကောင်းကင်လည်းအဝတ်အစားများအိတ်များ သူ့တိုက်ခန်းမှဝင်ယူလာတာကြောင့် ကားနောက်ခန်းမှ သူ့အဝတ်စားထုတ်အားဆွဲကား အိမ်ပေါ်ထပ်ကိုအရင်တက်သွားလိုက်သည် သူအဝတ်အစားတွေကို နေရာချရဦးမည်လေ
ကောင်လေးကတော့ အောက်မှ မျက်နှာကြီးပုပ်သိုးကာ နေနေသည် ဘယ်နှယ့် သူ့အထုပ်ပဲသူဆွဲသွားတယ်
ငါ့အဝတ်အစားပုံးတွေကြတော့ ငါ့ဘာသာငါချရမှာလားဟင်းးး ထားလိုက်ပါတော့ ကိုယ့်ပါသာပဲလုပ်တော့မယ်
အဝတ်စားပုံးနှစ်ပုံးအား မနည်း မကာ အပေါ်ထပ်တင်ရသည် တော်သေးတယ် ပုံးအောက်မှာ ဘီးတွေပါလို့
YOU ARE READING
စစ်မှန်သော
Romansaကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး