Part-17🔯☪☪

426 36 1
                                    

uni

ခန အကြာဆေးအိတ်ယူပြီး မောင်အပေါ်ထပ်ပြန်တာလာကာ သူ့ဘေးမှာ လာထိုင်ပြီးတော့ မျက်နှာနှင့် လည်ပင်းကို ဆေးလိမ်းပေးသည်

"မောင်တောင်းပန်ပါတယ် စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတယ်"

ကောင်းကင်ကတော့ ဘာမှမပြောခဲ့ ဆေးထည့်ပေးနေတဲ့ မောင့်မျက်နှာကို သေချာစိုက်ကြည့်နေခဲ့တယ်

"မောင်တကယ်စိတ်ရင်းနဲ့ တောင်းပန်တာပါ"

"အင်း"

အင်းတစ်လုံးသာပြန်ပြောကာ
ဆေးထည့်တာကိုသာ ငြိမ်ငြိမ်လေးနေ နေသည် နာတယ်လို့လဲ မပြော တကယ်မျက်နှာသေကြီးဖြင့်သာ

"ပြီးပြီ သခင်လည်း ပင်ပန်းနေပြီပဲ နားလိုက်တော့"

"မောင့် ခေါင်းက "

"ရတယ် ကို့ဘာသာကို လုပ်လိုက်မယ်"

"ပေးဒီကို"

ကောင်းကင်လည်း မောင့်လက်ထဲက ဂွမ်းစကိုလုကာ နဖူးမှ ဒဏ်ရာကို
ဆေးထည့်ပေးဖို့ပြင်ရသည်

"ပြီးပြီ ငါအိပ်တော့မယ်"

​ခြေရင်းမှ စောင်အား ဆွဲကာ ပခုံးထိခြုံပြီး မောင့်ကိုကျောပေးကာ အိပ်နေလိုက်သည် သူဘာစကားမှမပြောချင်
ဒီလိုအခြေအနေထိ ဖြစ်ထားပြီး စကားဘယ်လိုပြောရမလဲ

ခနကြာတော့ က သူလှည့်အိပ်နေတဲ့ ဘက်ကို လာပြီး ရင်ခွင်ထဲခေါင်းအတင်းဝင်ကာ သူ့ခါးအားကျစ်နေအောင်ဖတ်ထားသည်

"မောင်တောင်းပန်ပါတယ် စကားမပြောပဲတော့ မနေပါနဲ့"

"အင်း ငါသိတာမို့ အိပ်တော့"

"ဟင့်အင်း မောင်မအိပ်ချင်ဘူး သခင်မောင့်ကိုပြောပြ ဟိုလူဘာလို့ ဖုန်းဆက်လည်းဆိုတာ "

"စေ့စပ်ပွဲ ဖိတ်တာ"

"ဟင် စေ့စပ်ပွဲ ဟုတ်လား "

"ဟုတ်တယ် သူစေ့စပ်တော့မှာ ငါနဲ့ လမ်းခွဲတာလဲ အဲ့တာကြောင့်ပဲ"

"မောင်တကယ်မှားသွားတာပဲ သခင့်ကိုအဲ့လို မထင်သင့်ဘူး မောင်တောင်းပန်ပါတယ်"

"အင်း စေ့စပ်ပွဲသွားရင် ငါ့နဲ့လိုက်ခဲ့"

"အွန်း မောင်လိုက်ခဲ့မယ်"

စစ်မှန်သောWhere stories live. Discover now