Part-11🔯☪☪

446 36 1
                                    

uni

ဒီလိုနဲ့ပဲ တစ်ခါတစ်လေ ရန်ဖြစ်လိုက်တစ်ခါတစ်လေ ပြန်တည့်ကြလိုက်နဲ့ နေလာခဲ့တာ တစ်ပတ်တိတိတောင်ရှိခဲ့ပြီ

ကောင်းကင်လည်းပြောရမယ်ဆိုရင် မောင်အပေါ်ရင်ခုန်မိသည် မောင်က အပြောနဲ့ တစ်မျိုးအလုပ်နဲ့တစ်မျိုးရင်မခုန်ခုန်အောင် လုပ်တတ်သည်
အော်ဒီနေ့ဦးနဲ့ချိန်းထားတာပဲ မောင့်ကိုဘယ်လိုပြော ရပါမလဲ မောင်ကသိပ်သဝန်တိုတတ်သည်

ဟင်းးးးမောင်ဆိုတဲ့ နာမ်စားလေးကလည်း သူစိတ်ထဲမှာပဲခေါ်တဲ့ နာမ်စားလေး အပြင်ကိုထုတ်ခေါ်ဖို့ရာ မတင်မကျအခြေအနေကြီးမို့ မခေါ်ပဲသာထားမိသည်

"ဟိုလေ ငါ ည ညကြရင်သွားစရာရှိတယ်"

"ဟိုလူ့ဆီလား "

လက်တော့ပ် နှိပ်ရင်း အေးအေးလူလူသာ ပြန်မေးသည်

"ဟုတ်တယ် ဦးဆီ "

"သူ့ကိုဖြတ်လို့မရဘူးလားသခင်"

ထိုင်ခုံမှာထိုင်နေရင်းဝရံတာဘက်ရုတ်တရက်ထသွားကာ ဝရံတာဘောင်ပေါ်လက်ထောက်ပြီး အပြင်ဘက်ကို ကြည့်ရင်းဆွေးဆွေးမြေ့မြေ့ပြောလာတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသည်

"မင်းငါ့ကိုချစ်လား"

ကောင်လေးဟာသခင်အားတစ်ချက်သာလှည့်ကြည့်ပြီး

"အင်း"

အင်းဆိုတာချစ်တယ်လို့မဆိုလိုဘူး
ကျုပ်ခဗျားကိုသိပ်မုန်းတယ်

"ငါကတော့မင်းကို ချစ်ဖို့ကြိုးစားနေပါတယ်"

ရှည်လျားတဲ့မျက်တောင်ရှည်ကြီးများကို ဖြင့်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်လွှာလေးချပြီးပြောလာသူ

ဒီရက်ပိုင်းအတွင်း သခင့်ရဲ့အပြုအမှု များထဲတစ်ခုပေါ့ စိတ်လှုပ်ရှားရင် အဲ့လိုလေးလုပ်တဲ့အကျင့်လေးက သိပ်မုန်းစရာကောင်းသည်

"တကယ်လားသခင် မောင့်ကိုတကယ်ချစ်ဖို့ကြိုးစားနေတာလား"

"အင်း"

ပြောလည်းပြီး မဲ့ပြုံးတစ်ခုပြုံးကာ ရင်ခွင်ထဲကို ထည့်ဖတ်လိုက်သည်

စစ်မှန်သောWhere stories live. Discover now