Part- 7🔯☪☪

608 39 0
                                    

uni

သခင်က အရင်ဘဝမှာ ကောင်လေးအား အတ ဆန်စွာ ချစ်ခဲ့မိတော့ နာကျင်ခဲ့ရသည် ဒီဘဝမှာရော
ထပ်ပြီး နာကျင်ရဦးမှာလား

*******************************

"ဟိုလူ ကျက်သရေမရှိမငိုနဲ့တော့ ငါဒဏ်ရာဆေးထည့်ပေး"

"အင့် ဟင့် ဆေး ဆေးဘူး ဘယ်မှာလဲ"

မျက်ရည်အားလုံးကို သုတ်လိုက်ပေမယ် ရှိုက်နေသေးသည်

"မီးဖိုခန်းထဲက အပေါ်က ကြောင်အိမ်မှာ ရှိတယ်"

ကောင်လေးပြောတာကြောင့် ကောင်းကင်လည်း ချက်ချင်း ထကာ မီးဖိုခန်းဘက်ပြေးသွားလိုက်သည်

ကောင်လေးအိမ်က ရှုပ်ရှုပ်ထွေးထွေးကြီးမဟုတ် ရိုးရိုးရှင်းရှင်းနှစ်ထိပ်တိုက်လေးမို့ ဧည့်ခန်းရဲ့ နောက်တည့်တည့်ကိုသွားရင် မီးဖိုချောင်ရောက်နှင့်ပြီလေ

ကောင်းကင်လည်း ကြောင်အိမ် အပေါ်ထပ်ကဆေး box ကို ယူကာ ကောင်လေးရှိရာ ဧည့်ခန်းကဆိုဖာပေါ်သို့ သွားထိုင်လိုက်သည် ထို့နောက် ဂွမ်းထုပ်ဖောက်ကာ ဂွမ်းနည်းနည်းယူ၍ အနာမှ သွေးများအားသုတ်ကာ ထိုထပ်ဂွမ်းစထပ်ယူ၍ အရက်ပြန်စွပ်ကာ အနာကို သုတ်လိမ်းလိုက်သည်

"အ့ နာတယ် ဆေးထည့်ပြီးပဲ
ပလာစတာ
ကပ်လိုက်တော့"

"လျှာမရှည်နဲ့ ငါသိတယ်"

"မင်းငါ့ကိုဘာပြောတယ်"

"သိပါတယ်လို့ ပြောတာငြိမ်ငြိမ်နေပြီးတော့မယ်"

ထို့နောက် အနာဆေးထည့်ချင်းလုပ်ငန်းစဥ်ကြီးပြီးဆုံးသွားလေတော့သည်

"နောက်နေ့ကစပြီး မင်း ဒီမှာလာနေရမယ်"

"မနေ့ပါဘူး စိတ်ရူပ်ဖို့ကောင်းတယ် ငါကတစ်ယောက်တည်းပဲနေတတ်တာ "

"အပိုတွေလာပြောမနေနဲ့ လာနေဆိုလာနေလိုက် မင်းကို ခိုင်းစရာတွေ တစ်ပုံကြီးမို့လို့ ခနခန ဖုန်းဆက်မခေါ်ချင်ဘူး"

"ကျစ် ကောင်းပြီကွာ လာနေမယ်
ဒါပေမယ့်မင်းနဲ့ ငါနဲ့ သဘောတူညီမှုတစ်ခုလုပ်ရလိမ့်မယ်"

"အဆင်ပြေတယ်လေ အခုညစာသွားချက် ပြီးရင် ဒီမှာ မနက်ဖြန်အတွက်အချိန်စာရင်းတွေ ဒါတွေအကုန်လုပ်ထား ညစာကျက်ရင်လှမ်းခေါ်လိုက်"

စစ်မှန်သောWhere stories live. Discover now