uni
"ကောင်လေးရေ "
"ကျွန်ုပ်ဒီမှာပါသခင်"
"အပြင်ခိုးထွက်ရအောင် ကျွန်ုပ်အိပ်မပျော်ဘူး"
"သခင်ကြီးကဟိုနေ့က သခင့်ကို အပြင်ခိုးထွက်လို့ဆူထားတယ်လေ သခင်ရဲ့ အခုအပြင်ခိုးထပ်ထွက်မယ်ဆို ကြိမ်ဒဏ်သင့်လိမ့်မယ်"
"အိုက်ယား ကောင်လေးကလည်း ကျွန်ုပ်မှအိပ်မပျော်တာကို"
"သခင်ရယ် အိပ်ပျော်အောင်ကြိုးစားကြည့်ပါ"
"အဲ့တာဆို ကောင်လေးလည်းလာအိပ် တူတူအိပ်ရင်အိပ်ပျော်မှာ"
"မသင့်တော်ကြောင်းပါ သခင်နဲ့ ကျွန်ဆိုတာ အဲ့လိုမအိပ်သင့်ကြောင်းပါ"
"ကျွန်ုပ်ကအိပ်ဆိုအိပ်ပေါ့
ဒါကျွန်ုပ်အမိန့်ပဲ""ဒါပေမယ့်"
"ကောင်လေးကကျွန်ုအမိန့်ကိုတောင်
မနာခံတော့ဘူးလား""နာခံကြောင်းပါသခင်"
ကောင်လေး ကိုယ်ပေါ်မှာဝတ်ဆင်ထားသမျှကိုချွတ်ကာ အတွင်းဝတ်တစ်
ထည့်ဖြင့်သာ သခင်စက်တော်ခေါ်ရာညောင်စောင်းသို့သွားကာ သခင့်ဘေးမှအသာလေးဝင်လဲ လိုက်သည်မကြာပါ သခင်ဟာရင်ခွင်ထဲ အတင်းတိုးဝင်ကာ
"ကျွန်ုပ်ချမ်းတယ် ဖက်ထားပေးကောင်လေး"
"မသင့်တော်ကြောင်းပါ"
"ဒါအမိန့်ပဲ"
ကောင်လေးဟာ သက်ပျင်းတစ်ချက်ချကာသခင့်အားရင်ခွင်ထဲထည့်ကာ အိပ်စက်ဖို့သာလုပ်လိုက်သည်
ကောင်လေးရင်ခွင်ထဲမှသခင်ဟာ ပြုံးကာ ကောင်လေးရင်ခွင်ထဲသို့ ပိုတိုးဝင်လာပြီး ကောင်လေးဟာလည်း သခင်အားပိုတိုးလို့ဖတ်ထားပြန်သည်
ရင်ခွင်ထဲမှပြုံးနေတဲ့သခင်ရယ် သခင်အားရင်ခွင်ထဲထည့်ထားတဲ့ကောင်လေးဟာလည်းပြုံးလို့နေခဲ့တဲ့အပြင် အိပ်ဆောင် အမိုးပေါ်မှ လမင်းကြီးဟာလည်း လခြမ်းကွေး သဏ္ဍန်ဖြင့် ပြုံးပြနေခဲ့သေး ပြန်သည်။
*******************************
တီးတောင် တီးတောင်
ခြံတံခါးမှ ဘဲလ်သံဟာ တိတ်ဆိတ်နေသောအိမ်ကြီးအားဖြိုခွင်းလိုက်လေသည် သို့သော်ငြားလဲ တစ်နှင့်တစ်ယောက်ဖက်အိပ်နေသော ကောင်လေးနှစ်ဖက်အားနိုးအောင်မစွမ်းဆောင်နိုင်ခဲ့ချေ
YOU ARE READING
စစ်မှန်သော
Romanceကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး