uni
ကောင်မလေးတွေ ကောင်လေးတွေ နားနေခန်းမှာရုံးရုံး နဲ့မို့ မြလည်း ဘာဖြစ်တာလဲ ဆိုတာ သိချင်လို့သွားကြည့်မိတော့
"ဟယ် အဆင်ဟယ် တကယ်ချောတာ ဖြောင့်နေတဲ့ငါတောင်သူနဲ့ဆို ကွေးပစ်လိုက်မယ်"
"ဟဲ့ဟဲ့ နေလုံးကောင်ရဲ့ လက်ထောက်အသစ်တဲ့နော် လုံးဝ အချော အမလေး အိပ်နေတာ မျက်တောင်လေးကိုကော့လို့"
တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းကြည့်
ကာအတင်းတုပ်နေကြတာမို့လူတွေကစုအုံနေသည် မြ တော်တော်နဲ့
မမြင်ရ တာမို့
မကြည့်တော့ ပါဘူးဆိုကာပြန်လှည့်လိုက်ချိန်"ဘာဖြစ်ကြတာလဲဟင်"
ဟင် ဒီအသံ မဟူတ်မှလွဲရောသခင်များလား
အဆင်လေးနိုးလာပြီမို့ လူအုပ်ကလဲ ကျဲသွားပြီး သခင်ကိုသေချာမြင်လိုက်ရတော့ ရင်ထဲမှာ ဒိန်းကနဲ ဝမ်းသာလုံးစို့တက်လာသည်
"ဟို ဒီမှာရှင်"
ကောင်းကင်သူရှေ့ရောက်လာတဲ့ ကောင်မလေးအားကြည့်မိတော့
သူ့စိတ်ထဲ မလိုလားသလို မကြိုက်သလိုလို ဖြစ်မိသည်"အမ ကဘယ်သူ"
"အော် မြ ကဒီပွဲမှာကမယ့်သူပါ"
"အော်ဟုတ်လား နာမည်က မြလား"
"မြသက်ထားပါ မြက ကိုယ့်ကို ကိုမြလိုသုံးနေကြမို့ပါ"
"အော် ပွဲစနေပြီလား"
"စတော့မှာ နှစ်မိနစ်လောက်လိုသေးတယ် ဒီက နာမည်က "
"ကောင်းကင်ပြာပါ"
"မြက ကောင်းကင်လို့ပဲခေါ်မယ်နော်"
"ရပါတယ် အဆင်ပြေသလိုပေါ့"
"မြရေ လာတော့ စင်ပေါ်တက်ရတော့မယ်"
"ဟုတ်ကဲ့လာပါပြီ
မြသွားတော့မယ်နော် ကောင်းကင် လမ်းတွေရင်ခေါ်နော်""ဟုတ်ကဲ့ သွားတော့လေ နောက်ကျတော့မယ်"
ထသွားတဲ့ မိန်းကလေးကိုကြည့်ပြီး ကောင်းကင်စိတ်ထဲ တစ်ခုခု လုယူခံရသလိုခံစားရသည်
အလကားရူပ်ရူပ်ရှက်ရှက်တွေ
တစ်စိတ်သူမျက်လုံးတွေက အစိမ်းရောင်တွေလား..
YOU ARE READING
စစ်မှန်သော
Romanceကျိန်စာနဲ့စုတောင်း ဘယ်ဟာက စစ်မှန်လဲ နှလုံးတစ်စုံနဲ့ တိုင်းတာမှာမို့ စစ်မှန်သူသာနိုင်ကြေး သာသာ စိတ်ကူးယဥ်ပြီးရေးတာမို့လို့ ဒီမှာပါတဲ့ မင်းဆက် တွေဟာ အပြင်မှာတကယ်မဖြစ်ခဲ့ပါဘူးနော် သမိုင်းကြောင်းတွေကလည်းအစစ်အမှန်မဟုတ်ပါဘူး