Part-6🔯☪☪

625 40 0
                                    

uni

"မင်းငါ့ဆီမှာ လက်ထောက်ဆက်လုပ်ရမယ် မဟူတ်လို့ကတော့ ဒီအနေအထားကို ငါ့မိဘတွေကိုမြင်အောင်ပြလိုက်လို့ရှိရင် သူတို့ရဲ့ ချစ်လှစွာသောတူလေးက သူတို့သားကို မတော်မတရားကြံနေပါတယ်ဆို ပြီး မင်းကို မုန်းမှာသေချာတယ်နော်"

"မင်း လူယုတ်မာကောင် "

"အမေ ရေ ဒီမှာ"

"တိတ်စမ်း ငါ ငါ မင်းလက်ထောက်အဖြစ်ဆက်လုပ်မယ် အခု လွှတ်"

ကောင်လေးဟာ ကျေနပ်သွားပုံရပြီး နှုတ်ခမ်းတဖက်မဲ့ ပြုံးကာ သခင့်နား
နားကိုကပ်ကာ

"လိမာတယ် baby"

ပြောပြီး နားကိုတစ်ချက်ကိုက်ကာလွှတ်ပေးလိုက်သည်

ဖြောင်းးးးး

"ဒီလအတွက် လစာကို ဒီလိုပဲယူလိုက်မယ်"

သခင်ဟာ ရှက်တာရော ဒေါသထွက်တာပါပေါင်းကာ ကောင်လေးပါးနုနုအား လက်ဝါးယာထင်အောင်ရိုက်ချကာ အထဲဝင်သွားလိုက်သည်

ကောင်လေးကတော့ အရိုက်ခံရတဲ့ ပါးလေးအားကိုင်ကာ ကြောင်တောင်တောင်လေးရပ်နေတုန်းပဲ

သူ့အခုပါးရိုက်ခံလို​က်ရတာလား ဘယ်သူမှ မရိုက်ဘူးတဲ့ပါးကို သူ့မိဘတွေနဲ့ အဘွားတောင်မရိုက်ဘူးတာကိုတကယ်ကြီးရိုက်ချလိုက်တာ တွေ့ကြသေးတာပေါ့ ကောင်းကင်ပြာ မင်းငါ့ပါးကိုရိုက်သလို့ ငါကမင်းနှလုံးသားကိုရိုက်ချပြမယ်

အိမ်ထဲဝင်သွားတဲ့ သခင်ကတော့ ကောင်လေးရဲ့ ကြိမ်းဝါးသံအား
ကြားမည်မထင်ပါ 

ကောင်လေးသိရဲ့လား ကောင်လေးသခင်နှလုံးသားကို အနာတရဖြစ်အောင်လုပ်မယ်ဆိုရင် ကောင်လေး
ပေးဆပ်ရမယ့်တန်ရာတန်ကြေးဟာလည်း ကောင်လေးနှလုံသားဖြစ်လိမ့်မယ်ထင်တယ်။

*******************************

ကောင်းကင်တစ်ယောက်စိတ်တအားတိုပါသည် သူ့ကို အမြဲတစေ
အနိုင်ကျင့်နေတဲ့သူကို သိပ်စိတ်ပျက်သည် မုန်းလာဆိုတော့ မသိ
မုန်းလို့မရဘူး စောက်ရမ်းအာရုံနောက်တယ်ကွာ

ဦးကိုကိုကြီးလည်းသူ့ရှေ့က မျက်နှာရှုံလိုက်မဲ့လိုက် အမူအရာအမျိုးမျိုးပြောင်းနေသောတူတော်မောင်အား

စစ်မှန်သောWhere stories live. Discover now