Chapter 4 [Zawgyi + Unicode]

500 34 3
                                    

[Zawgyi]
"မမ" နန်းခက်မွှေးက မေနန်းခရဲ့ ပုခုံးပေါ်ကိုလက်ကလေးတင်ပြီး လှမ်းခေါ်လိုက်တယ်။ ဆတ်ခနဲတုန်သွားတဲ့ ခန္ဓာကိုယ်လေးကိုလည်း သဘောကျမိပါရဲ့။ မျက်လုံးလေးပြူးပြီး သူ့ဘက်လှည့်လာတဲ့ အမျိုးသမီးလေးရဲ့ပါးလေးကိုလည်း ဆွဲညှစ်ပစ်လိုက်ချင်မိသား။ ဒါပေမယ့် အခုတော့ စိတ်ဆိုးဟန်နည်းနည်းပြုရမည်မဟုတ်ပါလော။ " နန်းခက် ခ တောင်းပန်ပါတယ်နော် " ထိုအမျိုးသမီးက မျက်နှာငယ်ဖြင့် နန်းခက်လက်ကိုလှမ်းကိုင်လိုက်သည်။ " ဘာလို့တောင်းပန်တာလဲ ဘာမှားလို့လဲ" နန်းခက်ကတော့ စိတ်ဆိုးသယောင်ဖြင့် ခပ်ဆတ်ဆတ်သာပြန်ပြောလိုက်သည်။ ထိုအမျိုးသမီးလေး၏ မျက်နှာတစ်ချက်ညှိုး သွားသည်။ သို့သော် ဘယ်တတ်နိုင်ပါမည်နည်း အပြစ်နည်းနည်းတော့ပေးရမည်လေ။
" လူတွေရှေ့မှာ နန်းခက်ကို ခအော်ခဲ့မိတယ်လေ ခက မတရားဘူးလို့ထင်လိုက်မိလို့ပါ စိတ်မဆိုးနဲ့တော့နော်" သူမက မျက်ရည်လဲ့နေသောမျက်လုံးများဖြင့် မော့ကြည့်နေသည်။ မေနန်းခက သူမထက် အရပ်နည်းနည်းတော့နိမ့်သည်လေ။ " မမက နန်းခက်ကို တောင်းပန်နေတာလား ဟိုကလေးမ ဘက်ကရပ်ပေးနေတာလား " သူမ ဆောင့်အောင့်ပြောလိုက်ကာ မေနန်းခ၏ လက်ကိုလွှတ်ချလိုက်သည်။ ထို့နောက် ထို့နေရာမှ ထွက်သွားရန်ဟန်ပြင်ပြီးခါမှ သူမ၏ လက်ကိုတစ်စုံတစ်ရာကဆွဲယူလိုက်သည်ကိုခံစားမိသည်။ မေနန်းခက သူမကိုလှမ်းဖက်လိုက်သည်ဖြစ်သော်လည်း ခကတော့ နန်းခက်ရင်ခွင်ထဲသာရောက်နေသည်။ ထို့နောက် နှာခေါင်းတရှုံ့ရှုံ့ဖြင့် "ခ တောင်းပန်ပါတယ်နော် ခကို ပစ်မသွားပါနဲ့" ဟုတိုးတိတ်စွာဆိုလာသည်။မျက်ရည်တစမ်းစမ်း နှာခေါင်းတရှုံ့ရှုံ့လုပ်နေသော အမျိုးသမီးလေးက နေ့လည်ကသူ့ကိုအော်ခဲ့သော အမျိုးသမီးနှင့်တစ်ယောက်တည်းဆိုတာကို မည်သူယုံနိုင်ပါမည်နည်း။
သူမက နန်းခက်တစ်ယောက်တည်းရှေ့တွင်သာ ကလေးဆန်တတ်သလို နန်းခက်၏ရှေ့တွင်သာ မျက်ရည်ကျတတ်သူအမျိုးသမီးတစ်ယောက်သာဖြစ်ပါသည်။ ဂုဏ်ယူဖို့ကောင်းလိုက်ပါသည်တကား။
"အမလေး သူကပဲချော့ဖို့လာတာလား သူ့ကိုပဲ ချော့စေချင်တာလားဆိုတာတောင် မသိတော့ဘူး ဒေါ်မေနန်းခရေ" လို့ရယ်ပြီးပြောလိုက်ခါမှ နန်းခက်ရဲ့ ရင်ဘတ်ကို လက်ဖြင့်ဖွဖွထုပြီး ပန်းခြံဆီပြေးသွားသည်။ အမှတ်တရတွေရှိနေတဲ့နေရာကိုနောက်တစ်ခေါက်ပြန်လာရသည့်မိန်းမငယ်နှစ်ယောက်ထံတွင် စိတ်လှုပ်ရှားပိုင်ခွင့်အပြည့်အဝရှိပါသည်။

You are my sunshine {On Hiatus}Where stories live. Discover now