"သူဌေး " "မမလေး"
"ဘယ်လိုလဲ ခစီစဥ်ခိုင်းထားတာ စီစဥ်ပြီးပြီလား "
"ဟုတ်ကဲ့ စီစဥ်ပြီးပါပြီ ကျွန်မတို့ မြန်မြန်လုပ်ရင်တော့ကောင်းမယ်ထင်ပါတယ် ရှယ်ယာစျေးတွေက ထိုးကျနေပြီးတော့ ရှယ်ယာရှင်တွေကလည်း ဆူဆူပူပူတွေ ဖြစ်နေကြပါတယ်"
"အဟက် စိတ်မပူပါနဲ့ ခပြေလည်အောင်ဖြေရှင်းမှာပါ"
"ဟုတ်ကဲ့ သူဌေး ကျွန်မတို့သူဌေးကိုအပြည့်အဝယုံကြည်ပါတယ်"
ရုံးခန်းထဲဆွေးနွေးပြီးနောက်အတွင်းရေးမှူးမလေးရော မန်နေဂျာရော ပြန်ထွက်သွားကြသည်။
မေနန်းခကတော့ ထိုသတင်းကိုဖတ်ကာ တစ်ချက်ရယ်သည်။
"ဒေါ်ရှင်မင်းဆက်ရယ် ရှင့်ကိုပြောခဲ့ပါတယ် ကလေးလိုမလုပ်ပါနဲ့ တစ်စက်မှ ချစ်ဖို့မကောင်းဘူးလို့" ..
ထို့နောက် သူမလည်းလုပ်စရာရှိသည်များကိုဆက်လုပ်နေလိုက်သည်။
နာရီအနည်းငယ်ကြာသော်
"ဒေါက် ဒေါက်"
"ဝင်ခဲ့ပါ"" မမလေး အချိန်ကျပါပြီ ပြီးတော့ မမလေးနန်းခက်လည်းရောက်နေပါတယ်"
"ဟုတ်လား ကောင်းပြီ ခအခုပဲလာပြီ" မေနန်းခလည်း ပိုက်ဆံအိတ်ကိုဆွဲကာ အပြင်ထွက်လာသည်နှင့် သူမကိုစိုးရိမ်နေသော ဝန်ထမ်းများနှင့် ထိုမျက်ဝန်းတစ်စုံ..
"ခ အဆင်ပြေတယ် နန်းခက်"
နန်းခက်က တစ်ခုခုပြောရန်ပါးစပ်ဟလိုက်သောကြောင့်မေနန်းခကကာဆီးပြောလိုက်ခြင်းဖြစ်သည်။
ခသည် ယုံကြည်မှုရှိသောခြေလှမ်းများဖြင့် ခန်းမထဲသို့ဝင်လာခဲ့သည်။ သူမဝင်လာသည်နှင့် ကင်မရာမီးများကတဖြတ်ဖြတ် နှင့် တရစပ်ထွက်ပေါ်လာသောမေးခွန်းများ..အပြင်မှာပိုချောသည်ဟုပြောသောတီးတိုးစကားသံများနှင့် ရုပ်လေးနဲ့မလိုက် ဘယ်လိုလုပ်ရပ်တွေလုပ်ထားပါလိမ့်ပြောသည့်သူကပြော ..
သူမတစ်ချက်ပြုံးလိုက်ကာ သတင်းထောက်များကို လက်ကာပြလိုက်သည်။ သတင်းထောက်အုပ်စုကြီးတစ်ခုလုံးက ငြိမ်ကျသွားသည်။ နန်းခက်က သူမအားကြည့်၍ပြုံးလိုက်သည်။ ထိုအမျိုးသမီးရဲ့ အရှိန်အဝါကကြီးလွန်းပါဘိ..
YOU ARE READING
You are my sunshine {On Hiatus}
Romanceကံကြမ္မာဆိုတာ ယုံစားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ်..