Chapter 14 [ Zawgyi + Unicode ]

346 23 5
                                    

[Unicode]
"သွန်းဆက်မှာ ကားပါတယ်မလား"

"ဟုတ် ပါတယ် အစ်မ"

"အင်း အဲ့ဒါဆို အစ်မကားနောက်ကလိုက်ခဲ့ အစ်မတို့အိမ်သွားမယ်"

"ရှင် သြော် ဟုတ်"
ဤသို့ဖြင့် မေနန်းခရှေ့မှလမ်းပြသည့်အတိုင်းသူမလိုက်လာခဲ့သည်။ ခြံတံခါးအဖြူသုတ်ထားသော အိမ်ကြီးတစ်အိမ်ရှေ့တွင်တော့ မေနန်းခ၏ကားရပ်သွားသည်။ ထို့နောက် အထဲမှ ဦးလေးကြီးတစ်ယောက်က ခြံတံခါးလာဖွင့်ပေးသည်။ ထို့နောက် သူမမှန်တံခါးဖွင့်ပြီးဘာပြောလိုက်သည်မသိ ဦးလေးကြီးက ခေါင်းငြိမ့်ကာ နောက်ကိုတစ်ချက်လှမ်းကြည့်သည်။ နောက်တော့ အေနန်းခ၏ကားကခြံထဲဝင်သွားသည်နှင့် သွန်းဆက်လည်းနောက်မှ ကပ်လိုက်ဝင်ရသည်။ ခြံထဲတွင်တော့ ဥယျာဥ်ကြီးတစ်ခုသဖွယ် ပန်းပင်များနှင့် တရုတ်စကားပန်းပင်ကြီးတစ်ပင်ကိုတွေ့ရသည်။
မေနန်းခက ကားပေါ်မှဆင်းလာသောအခါ သူမလည်း သူမအထုပ်များကိုသူမကားပေါ်မှဆွဲချရသည်။
"ဦးလေးရေ သူ့ကို အထုပ်လေးတစ်ချက်ဝိုင်းသယ်ပေးလိုက်ပါဦး" မေနန်းခက ပြောလိုက်သည်။

"ပေးပေး တူမကြီး ဦးလေးနာမည် ဦးဖိုးအောင်တဲ့ တူမကြီးအဆင်ပြေသလိုခေါ်ပေါ့"

"ဟုတ်ကဲ့ ရပါတယ် ဦးလေး အထုတ်တွေလည်းသွန်းဆက်ဘာသာဘဲ သယ်ပါ့မယ် "

"မဟုတ်တာ တူမကြီးက မမလေးနောက်လိုက်သွားလိုက် မမလေးစောင့်နေတယ်လေ မမလေးက စောင့်ရတာမကြိုက်ဘူးတူမလေးရဲ့ သွားနှင့်သွား ဦးလေးသယ်ခဲ့မယ်"

"သြော် ဟုတ်ကဲ့ ကျေးဇူးပါဦးလေး အဲ့ဒါဆို သွန်းဆက်ကိုခွင့်ပြုပါဦး"
သူမ၏ စိတ်ထဲတွင်တော့ 'အစ်မက စောင့်ရတာကိုမကြိုက်ဘူးတဲ့လား'..

"ကဲလာ သွန်းဆက် ဗိုက်ဆာနေတယ်ဆိုပြီးတော့"

"ဟုတ်"

" ကဲ ဒီကလေးမနှယ် ကြောင်တောင်တောင်နဲ့" ဟုဆိုကာ လက်သီးဖြင့် ခေါင်းကိုဖွဖွလေးထုလိုက်သည်။ ထိုအခု သွန်းဆက်ကလည်း မျက်လုံးမှိတ်ကာ ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် အိမ်ထဲသို့တူတူဝင်သွားကြသည်။

ဦးဖိုးအောင်က သူတို့၂ ဦးကိုကြည့်ကာပြုံးနေသည်။' မမလေးတောင် အရင်လိုတဖြည်းဖြည်းပြန်ဖြစ်လာပြီပဲ' ဦးဖိုးအောင်က စိတ်ထဲမှတွေးလိုက်သည်။
အိမ်ထဲတွင်လည်း ခမ်းနားလှပြီးအပြင်အဆင်က သပ်ရပ်လွန်းလှသည်။ ပရိဘောဂများကလည်း လှပသေသပ်ပြီး နံရံရှိပန်းချီကားများကလည်းလှပလွန်းသည်။ စာအုပ်စင် အကြီးကြီးကလည်း ခန့်ထန့်ထည်ထည်ကြီးရှိနေသည်။ သူမက အိမ်တစ်ခုလုံးကိုငေးမောနေသည်။
" ဟိတ် ကလေးမ ဒီလောက်ပဲငေးတော့ သူလည်း အိမ်ကြီးအိမ်ကောင်းမှာနေရတာပဲကို သူများကိုရှက်စရာကောင်းအောင်လုပ်နေပြန်ပြီ" မေနန်းခက သွန်းဆက်ငေးမောနေသည်ကိုမြင်၍ ပြောလိုက်ခြင်းဖြစ်သည်။

You are my sunshine {On Hiatus}Tahanan ng mga kuwento. Tumuklas ngayon