Chapter 13 [Zawgyi + Unicode]

396 28 8
                                    

[Zawgyi]
"သမီးလေးရယ် မငိုပါနဲ့တော့ အစ်ကိုက လူကောင်းပါ သူကောင်းရာမွန်ရာသွားမှာပါ" ဦးမင်ထင်သွေး၏ နာရေးတွင်ဖြစ်သည်။

"..."
ထို့နောက် ဒေါ်ရှင်မင်းဆက်က နာရေးအခမ်းအနားသို့ လာသမျှ ဧည့်သည်တွေကို နှုတ်ဆက်ရသည်။ ဧည့်သည်တွေကလည်း သွန်းဆက်ကို သနားသည့်သူက သနား စုတ်သပ်သည့်သူကသပ် နှင့် ဖြစ်နေကြသည်။
သွန်းဆက်ကတော့ သူမအဖေ၏ဓါတ်ပုံကိုသာကြည့်လျက်ငိုနေသည်။ ပိုးလေးက လာ၍ နှစ်သိမ့်ပေးသော်လည်းမရ။ သူမလည်း တော်တော်နောက်ကျမှအိမ်ပြန်သွားသည်။
ညရောက်လာသောအခါ ဒေါ်ရှင်မင်းဆက်လည်းပင်ပန်းနေလေပြီ။ သွန်းဆက်မှာလည်း ငိုရလွန်းသဖြင့် မျက်လုံးများမို့နေပြီ။
" သမီး သွန်းဆက် အပေါ်တက်ပြီး နားလိုက်တော့နော် လိမ္မာတယ် လာ သမီးလေး ထ"

"..."

"လာပါ သမီးရယ် "ဒေါ်ရှင်မင်းဆက်လည်း သွန်းဆက်ကိုတွဲခေါ်ကာ  သူမအခန်းထဲပို့ပေးလိုက်သည်။
သွန်းဆက်လည်း မျက်ရည်များစီးကျရင်း ပင်ပန်းလွန်းသဖြင့်မကြာမီမှာပင် အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့မနက်ရောက်သော် လူကနည်းနည်းလန်းဆန်းသွားသဖြင့် စောစောနိုးလာလေသည်။ သူမ၏ဒေါ်လေးအခန်းသို့အသွား ဖုန်းပြောသံကြားလိုက်သဖြင့် သူမလည်းဘာရယ်မဟုတ်နားထောင်လိုက်မိသည်။
"အေး  ဒေါ်သစ်စာကို သွန်းဆက်နားလုံးဝမကပ်စေနဲ့ အေး...ကောင်းတယ် သေချာစောင့်ကြည့် ငါ့ကိုသတင်းမှန်မှန်ပို့ အေး ဒါပဲ သွန်းဆက်နိုးလာတော့မယ်" သူမဖုန်းကိုချလိုက်သည်။
အပြင်အခန်းတံခါးဝမှနားထောင်နေသော သွန်းဆက်က မျက်ရည်များစီးကျလာသည်။ထို့နောက် သူမလက်ကို ပါးစပ်ဖြင့်အုပ်ကာ အခန်းထဲပြေးဝင်သွားသည်။
"မေမေ မေမေကဆုံးသွားပြီဆို ဘာလို့ငါ့ကိုလိမ်ထားရတာလဲ ဒီကိစ္စကိုဖေဖေကရောမသိဘူးလား ဒေါ်လေးကပဲ ချုပ်ကိုင်ထားတာလား" သူမခေါင်းကိုခါရင်း မျက်ရည်များကဝေ့ဝဲနေသည်။
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြားသဖြင့် သူမစောင်ခြုံကာ အိပ်ချင်ယာင်ဆောင်နေလိုက်သည်။
အခန်းတံခါးပွင့်လာကာ ဒေါ်ရှင်မင်းဆက်က အတွင်းသို့ဝင်လာသည်။ ထို့နောက် သွန်းဆက်ကိုဖြေးဖြေးချင်းလှုပ်နှိုးလိုက်သည်။
"သွန်းဆက် သမီးလေး ထတော့လေ နေမကောင်းဘူးလား စောင်ကြီးဘာလို့ခေါင်းမြီးခြုံထားတာလဲ"
ဒေါ်ရှင်မင်းဆက်က စောင်ကိုလှန်ကြည့်လိုက်သည်။ အိပ်ပျော်နေသော သွန်းဆက်ကို ကိုယ်ပူစမ်းကြည့်သော်လည်း အပူချိန်က ပုံမှန်ပင်။
"နေမကောင်းမဖြစ်ရင် ရပါပြီ သမီးအိပ်ချင်ရင်အိပ်ဦး မနက်စာကိုတော့ သမီးကြိုက်တဲ့နန်းကြီးသုပ်ပြင်ထားတယ်" ထိုသို့ပြောကာ အခန်းထဲမှထွက်သွားလေသည်၊
သွန်းဆက်သွေးလည်း ငိုရှိုက်လျက် သူမအပေါ် ဒီလောက်ကောင်းနေတဲ့ သူမအဒေါ်က သူမကိုမိခင်အရင်းနဲ့ပေးမတွေ့စေချင်သည်မှာ ဘာကြောင့်မှန်း တွေးမရနိုင်တော့သည်။
****Flashback ends****

You are my sunshine {On Hiatus}Tempat cerita menjadi hidup. Temukan sekarang