[Unicode]
အိမ်ရောက်တော့လည်း ဝယ်လာသည့်အထုပ်ကို သူမဘာသာကိုင်ကာ နောက်လှည့်မကြည့်ဘဲ ရှေ့မှ သွက်သွက်ထွက်သွားသည်။
" အစ်မ သွန်းဆက်ကို စောင့်ပါဦးလို့"
ထို့နောက် သွန်းဆက်လည်းအမှီလိုက်သွားပြီး မေနန်းခ၏လက်ကိုလှမ်းဆွဲလိုက်သည်။
မျက်ရည်တွေ..သူမမျက်လုံးတွင် မျက်ရည်ဥများတွဲခိုလျက်ရှိသည်။" အစ်မ ဘာဖြစ်လို့လဲ သွန်းဆက်ဘာအမှားလုပ်မိလို့လဲဟင် သွန်းဆက်တောင်းပန်ပါတယ် အစ်မ.. အစ်မ မငိုပါနဲ့နော် သွန်းဆက်ကိုကြည့်ပါဦး အစ်မရဲ့" ထိုသို့ပြောရင်း သွန်းဆက်လည်း ထငိုတော့သည်။
ထိုအခါမှ မေနန်းခ မျက်ရည်များတိတ်သွားကာ "ဗိုက်ဆာနေပြီမလား ခေါက်ဆွဲပြုတ်ပေးမယ် ခဏစောင့်"
ဟုဆိုတာ နောက်ဖေးမီးဖိုချောင်သို့ဝင်သွားသည်။
ငိုနေသည့် သွန်းဆက်ကိုတော့ မချော့..
အနည်းငယ်အကြာတွင် မီးဖိုချောင်ထဲမှ အနံ့တစ်မျိုးထွက်လာသည်။ တအားမွှေးလွန်းသဖြင့် သွန်းဆက်လည်းမနေနိုင်တော့ပဲ ထကြည့်လိုက်မိရာ
အားပါးပါး စားချင်စရာပဲ..သူမချောင်းကြည့်နေသည်ကို သိသွားသော မေနန်းခက ချောင်းတစ်ချက်ဟန့်လိုက်သည်။
"ပြီးရင် ခေါ်လိုက်မယ် အရှေ့မှာ သွားထိုင်နေ""ဒါပေမယ့် အစ်မ..."
"သွားဆိုသွားလိုက်နော်" ခက အသံမာမာဖြင့်ပြောလိုက်တော့သွန်းဆက်လည်း ဟုတ်တစ်လုံးသာဆိုကာ သွားထိုင်နေသည်။
မိနစ်အနည်းငယ်ကြာတော့မှ အစ်မဆီက အသံကြားရသည်။
"စားလို့ရပြီ သွန်းဆက်ရေ လာတော့"" ဟုတ် အစ်မ" သွန်းဆက်လည်း မီးဖိုချောင်ဆီသို့ပြေးသွားတော့ ခေါက်ဆွဲပြုတ်၂ပန်းကန်နှင့် cola 2 ခွက် ခေါက်ဆွဲကတော့ spicyခေါက်ဆွဲနဲ့ cheeseခေါက်ဆွဲ ၂မျိုးရောထားပုံပေါ်သည်။ ၂ခြမ်းသက်သက်ဆီခွဲထားသည်။ သူမရှေ့တွင် တစ်ပန်းကန် သွန်းဆက် ထိုင်ဖို့နေရာတွင် တစ်ပန်းကန်ချပေးထားသည်။
"ဘာရပ်ကြည့်နေတာလဲ လာလေ"" ဟုတ် အစ်မ"
သူမစားကြည့်လိုက်တော့ တော်တော်အရသာရှိသည့်ခေါက်ဆွဲပင်ဖြစ်သည်။ တန်ဆာပလာအစုံကလည်းပါဝင်နေလေတော့ ပိုပြီးအရသာရှိသည်။ ထို့ကြောင့် သူမလည်းခေါင်းမဖော်တမ်းစားလိုက်သည်။ အစ်မကိုကြည့်ရသည်မှာတော့ အစပ်သိပ်စားနိုင်သည့်ပုံမပေါ်ပေ။ ဆံပင်ကိုကိုင်ကာ ချွေးစလေးများတောင်ထွက်နေသည်။ သူမလည်းအလိုက်တသိဖြင့် လက်တွင်ပတ်ထားသော ခေါင်းစည်းကွင်းဖြင့် မေနန်းခနားသို့သွားကာ ဆံပင်ကိုချည်ပေးလိုက်သည်။
VOUS LISEZ
You are my sunshine {On Hiatus}
Roman d'amourကံကြမ္မာဆိုတာ ယုံစားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွယ်..