Chapter 23 [Unicode + Zawgyi]

272 26 0
                                    

တစ်ဖက်တွင်ကျန်ခဲ့သည့် မေနန်းခတွင်ကား စားပွဲပေါ်တွင် ငိုင်လျက်သာရှိသည်။
ထို့နောက် ဒေါ်ရှင်မင်းဆက်ပြောသွားသည့်စကားကိုပြန်စဥ်းစားနေသည်။ တို့ တူမက မင်းကိုသဘောကျနေလို့တဲ့လား...မဟုတ်ပါဘူး အန်တီရယ်..သူက ကျွန်မကို အစ်မတစ်ယောက်ထက်မပိုပါဘူး..ကျွန်မကသာ သဘောကျနေမိတာ..မဟုတ်ဘူး....ချစ်နေမိတာ..အခု သူ့အကြောင်းသိလိုက်ရတော့ ကျွန်မရဲ့ဦးနှောက်က ကျွန်မရဲ့နှလုံးသားကိုမတားဆီးနိုင်တော့ဘူး..မတတ်နိုင်ဘူးလေ..ကျွန်မကချစ်တာကိုး...သူမမျက်ရည်များကြားမှပြုံးမိသည်။ မြင်ရသူအဖို့တော့ ဝမ်းနည်းစရာကောင်းတဲ့ ပန်းချီကားတစ်ချပ်ကို ငေးနေရသလို....အဘက်ဘက်ကပြည့်စုံတယ်လို့ထင်ရတဲ့သူတွေကလည်း တကယ်တမ်းမှာ အများထင်သလိုဟုတ်ချင်မှဟုတ်နေမှာပါ...လူတိုင်းမှာ သူ့ဒဏ်ရာနဲ့သူပေါ့လေ..
"ဟူး..." သူမလေပူတွေကိုမှုတ်ထုတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ထို့နောက် သူမ ထိုလူ၂ဦးဆီဖုန်းဆက်လိုက်သည်။
ညနေရောက်သော်...သူမ၏ ပျော်ရွှင်မှုရပ်ဝန်းလေးရှိရာဆီပြန်ရောက်လာသည်။ သွန်းဆက်ကိုလိုက်ရှာမိတော့ အိမ်ရှေ့က ပန်းပင်အချို့စိုက်ထားတဲ့နေရာမှာ ပန်းပင်တွေကို နမ်းရှိုက်ကြည့်နေသည်ကိုတွေ့ရသည်။ သူမလည်း ဖုန်းကိုထုတ်ကာ ဓါတ်ပုံအမြန်ရိုက်လိုက်သည်။ ထိုကလေးက ဒီဘက်လှည့်လာသောအခါ ဖုန်းကိုအမြန်သိမ်းလိုက်သည်...

"ဟာ...အစ်မ ပြန်လာပြီလား.."

"ပြန်လာပြီပေါ့ သွန်းဆက်ရဲ့ ဒီနေ့ဘယ်သွားသေးလဲ"

"အစ်မကိုပဲစောင့်နေတာ ဘယ်မှမသွားရသေးဘူး သွန်းဆက်တို့ ဒီနေ့အိမ်ပြန်ကြမှာမလား."

"သွန်းဆက်..."

"ဟုတ်ပြောလေ အစ်မ"
မေနန်းခလည်း သွန်းဆက်၏ပါးတစ်ဖက် ပေါ်သူမ၏လက်ချောင်းသွယ်များကိုတင်လိုက်သည်။
ထို့နောက် သွန်းဆက်မျက်လုံးများကို ၅စက္ကန့်လောက်စိုက်ကြည့်လိုက်မိသည်။ သွန်းဆက်၏မျက်ဝန်းများထဲ သူမ၏ပုံရိပ်ကို ဘယ်တော့မှမမေ့အောင် မှတ်ခိုင်းနေသည်။

"အစ်မတို့ အိမ်မပြန်သေးဘူးသွန်းဆက်ရဲ့ ဒါပေမယ့် အခုညနေတော့ ခဏသွားမယ် ပြီးရင် ဒီကိုပြန်လာမှာ.."

You are my sunshine {On Hiatus}Where stories live. Discover now