Chapter 22 [Unicode + Zawgyi]

272 26 1
                                    

"ဒေါက် ဒေါက် ဒေါက်"

"ဟုတ်ကဲ့ ဝင်လာခဲ့ပါ ခင်ဗျ"

"ေဒါက်တာ ကောင်းမြတ်အလုပ်ရှုပ်နေသလား"

"အမလေး ခရယ် ဘယ်သူများလဲလို့" ဒေါက်တာကောင်းမြတ်က အပြုံးဖြင့်လှမ်းပြောလိုက်သည်။
"မတွေ့တာကြာလို့ ခကပိုတောင်လှလာသလားပဲ"

"ဟောတော် သူ့တောင်မုန့်ဝယ်ကျွေးရတော့မယ့်ပုံ"

"စတာပါဟာ ပြောပါဦး လာရင်းကိစ္စ အရေးကြီးတယ်ဆို"

"အေး သွန်းဆက်သွေးကိုသိလား ဒီဆေးရုံကိုလာဖူးတယ် မသိလည်း ကိစ္စတော့မရှိပါဘူး လူနာတွေကအများကြီးကို"

"သိတယ် သူက ငါ့လူနာလေ ဘာလို့လဲ"

"ဟင် နင့်လူနာ သူကဘာဖြစ်လို့လဲ"
"နေပါဦး နင်ကသူ့ကိုသိလို့လား"

"သိတယ် သိတာထက်ကိုပိုတယ် သူကငါနဲ့တူတူနေနေတာ ငါချစ်ရတဲ့သူဆိုလည်းမမှားဘူး"

"ဟင် ဘယ်လို နင်တို့က ချစ်သူတွေလား"

"မဟုတ်ဘူး ဒါပေမယ့်..အဲ့ဒါတွေနောက်တော့ငါရှင်းပြမယ်ဟာ အခုသူ့အကြောင်းလေးပြောပြပါ ကောင်းမြတ်ရယ်.. "

"အေး စိတ်တော့မကောင်းပေမယ့် သူက သူ့ဘဝကိုစွန့်လွှတ်ထားတာကြာပြီဟ နှလုံးအလှူရှင်ရှာမယ်ဆိုလည်းမရဘူး"

"အို.... ဘာဖြစ်လို့တဲ့လဲ" မေနန်းခနားထောင်နေရင်းနဲ့ ခြေထောက်များမခိုင်ချင်တော့သလိုဖြစ်လာမိသည်။ ဒီလိုအဖိုးတန်တဲ့ ကြယ်ပွင့်လေးက စောစောစီးစီးေကြွလွင့်ဖို့ရာ ထိုက်တန်ရဲ့လား ..

"ငါလည်း သေချာမသိဘူးဟ သူ့ကိုယ်ရေးကိုယ်တာဆိုတော့ ဒါပေမယ့် ဟိုတလောက သူပြန်ရောက်လာတယ် ကြားထဲကရက်ချိန်းတွေကို သူမလာပေမယ့် အဲ့နေ့ကတော့ သူပြန်ရောက်လာတယ်"
"ပြီးတော့ သူနှလုံးအစားထိုးမယ်တဲ့ ပြောတယ် ဘာလို့လဲမေးကြည့်တော့ သူ လူတစ်ယောက်အတွက် အသက်ရှင်ဖို့လိုလာလို့တဲ့ သူ့ရဲ့ပျော်ရွှင်မှုရပ်ဝန်းလေးတဲ့ ..
သူ့ကိုငါ အကြာကြီးရှင်သန်စေချင်လိုက်တာ ပြောမနေပါနဲ့တော့ ဒါပေမယ့်လေ သူ့သွေးက RH-ABဆိုတော့ ရှာရခက်နေတာ..." ဒေါက်တာကောင်းမြတ်လည်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ သူ ထိုကလေးမအား ကယ်ချင်ပါသည်၊ ပျော်ရွှင်မှုတစိုးတစိမျှ ရှိပုံမပေါ်သော ထိုမျက်လုံးများအားသနားမိသည်။ ညီမလေးတစ်ယောက်လို သဘောထားထားသည်လည်းဖြစ်ပေသည်။

You are my sunshine {On Hiatus}Where stories live. Discover now