Chapter 25 [Unicode + Zawgyi]

381 22 0
                                    

"အင်း ပြောလေ သွန်းဆက်"  ခက သွန်းဆက်၏မျက်လုံးများကိုဝေ့ဝိုက်ကြည့်လိုက်သည်။ တစ်ခုခုကိုအလေးအနက်ထားသည့်ဟန်သည် သွန်းဆက်၏  မျက်လုံးများထဲတွင်ပေါ်နေသည်။ မဟုတ်မှလွဲရော ဒေါ်ရှင်မင်းဆက် ဆီကို ပြန်သွားမလို့လား..ထွက်သွားမယ့်စကားကိုတော့မပြောလိုက်ပါနဲ့ကလေးရယ်၊ အစ်မတောင်းဆိုပါတယ်၊အစ်မကိုမချစ်နိုင်ရင်တောင် အနားမှာတော့နေပေးပါ၊ အစ်မ အတ္တများသိပ်ကြီးသွားသလားကွယ်၊ ဒါပေမယ့်တောင်းပန်ပါတယ် သွန်းဆက်ရယ် အတ္တကြီးလက်စနဲ့ ဆက်ကြီးလိုက်ပါရစေ၊ သွန်းဆက်ကို အစ်မလက်မလွှတ်နိုင်ဘူးကွယ်၊
သွန်းဆက်ပြောလာမည့်စကားလုံးတို့ကို သူမလက်ခံနိုင်စွမ်းရှိပါ့မလားဟု စဥ်းစားမိနေစဥ်တွင်း မျက်ရည်တို့ကမျက်ဝန်းများဆီမှ ပြူတစ်ပြူတစ်လုပ်နေကြသည်။ အနည်းငယ်အကြာတွင်တော့ မေနန်းခငိုချလိုက်မိသည်။

"ဟင် အစ်မ ဘာလို့..ဘာလို့လဲ ဘာလို့ငိုတာလဲ အစ်မ"
သွန်းဆက်လည်း စကားပြောရန်အားယူပြီးကာမှ ငိုချလာသောခကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့နောက် ခက သွန်းဆက်ကိုဖက်တွယ်လာသည်။ သွန်းဆက်လည်း ရုတ်တရက်လန့်သွားသဖြင့် တုန်သွားပြီးမှ အလိုက်သင့် ခကိုပြန်ဖက်ပေးလိုက်သည်။
"အစ်မကိုထားမသွားပါနဲ့နော် အစ်မတောင်းပန်ပါတယ် အစ်မနားကထွက်မသွားပါနဲ့ သွန်းဆက်ရယ်" ရှိုက်သံများပါပါလာသော ခကို သွန်းဆက် သနားလာသည်။

"အစ်မ ..အစ်မ သွန်းဆက်ကိုကြည့်.. သွန်းဆက်ကိုခဏလေးကြည့်နော်" သွန်းဆက်လည်းခ၏ ခန္ဓာကိုယ်ကို သူ့ကိုယ်မှခွာပြီး သူမမျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်မိုးကာပြောလိုက်သည်။ ထိုအခါ နီရဲနေသော နှာဖျားလေး၊ စိုစွတ်နေသောမျက်ဝန်းတို့ဖြင့် ငိုထားသောကြောင့် တုန်တက်နေသော ခန္ဓာကိုယ်လေးနှင့် ခက သူမကိုကြည့်လိုက်သည်။

"..."

"သွန်းဆက်လေ အစ်မကိုအရမ်းချစ်တယ်" သူမထိုသို့ပြောလိုက်တော့ ခ၏မျက်ဝန်းတို့က အံ့သြသွားသည့်အရိပ်အယောင်တို့ပြသည်။ ထို့နောက်ချက်ချင်းပင် စိတ်မကောင်းဖြစ်သည့် မျက်ဝန်းများဖြစ်ကာမှေးမှိန်သွားသည်။ ထို့နောက် သွန်းဆက်၏လက်များကိုဖယ်ကာ သူမမျက်နှာကို တစ်ဖက်သို့လှည့်သွားသည်။

You are my sunshine {On Hiatus}Tempat cerita menjadi hidup. Temukan sekarang